မြောက်ခင်ရန်းရွာမှစစ်‌ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့၀င်များတိုက်ခိုက်ခံရ၊ ၇ ဦးသေ

၁၇ ၊ဩဂုတ် ၊၂၀၂၄

Zalen

မကွေးတိုင်း‌၊ဂန့်ဂေါမြို့နယ်မြောက်ဘက်ရှိ မြောက်ခင်ရန်းရွာတွင်တပ်စွဲထားကြတဲ့ ပျူစောထီး၊စစ်ကောင်စီပူးပေါင်းအင်အား ၁၅၀ ခန့်က ရွှေဘို၊ရေသာရွာဘက်ကို ဩဂုတ်လ၁၆ရက်နေ့ကစစ်ကြောင်းထိုး၀င်ရောက် နေတဲ့အချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ထိတွေ့တိုက်ပွဲရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါထိတွေ့မှုက လေးနာရီခန့်ကြာတယ်လို့သိရပြီး ပြည်သူ့ကာကွယ်ရေးဖက်ကတစ်ဦးကျဆုံး၊ စစ်ကောင်စီပူးပေါင်းအဖွဲ့ ထဲမှ ၇ ဦး သေ၊ ၈ဦးဒဏ်ရာရကာ ဒဏ်ရာရတဲ့ စစ်ကောင်စီပူးပေါင်း တွေကို ဟံသာ၀တီဆေးရုံမှာဆေးကုသမှုခံယူ နေကြတယ်လို့သိရပါတယ်။

Zalen ad

တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်လို့ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက “ထိတွေ့မှုက လေးနာရီလောက်ကြာတယ်ဗျ၊ကျွန်တော်တို့ခရိုင်ရင်းက တစ်ဦးကျတယ်၊ ပျူ၊စစ်ကောင်စီဘက်က ၇ယောက်သေတယ်၊တပ်တွင်းသတင်းပြန်ကြားတာ ၈ယောက်ဒဏ်ရာရတယ်၊အခုဟံသာ၀တီဆေးရုံမှာ ဆေးကုသမှုခံယူ‌ နေကြတယ်လို့သိရတယ်ဗျ၊”လို့ Zalen ကိုပြောပါတယ်။

မနေ့က တိုက်ပွဲဖြစ်နေချိန် မှာ ဂန့်ဂေါခလရ ၅၀ က နေ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့လို့ ရှုံးရှိရွာက နွားတစ်ကောင်သေ၊တစ်ကောင်ဒဏ်ရာရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မြောက်ခင်ရန်းရွာရှိပျူစောထီး၊စစ်သားပူးပေါင်းအဖွဲ့ကမေလ ၁၆ ရက်နေ့တုန်းက ရွှေဘို၊ရေသာရွာ ကို မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၀၀ ခန့်ပျက်စီးခဲ့ပြီးအဲဒီစစ်ကြောင်းထိုး၀င်ရောက်စဉ်ကလည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် လေးဦး သေခဲ့တယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်