ယနေ့ဟားခါးတွင် ကိုဗစ်ရောဂါနဲ့ ၃ ဦးသေဆုံး

ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့ စက်တင်ဘာ ၅ ရက်တွင် ကိုဗစ်ရောဂါနဲ့ လူ ၃ ယောက်သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

သေဆုံးသူတွေဟာ အသက် ၆၄ နှစ်အရွယ်အမျိုးသမီးတစ်ယောက်၊ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ယောက်နဲ့ ပြည်မဘက်ကတက်လာတဲ့အမျိုးသားတစ်ယောက်လို့သိရတယ်။

ကိုဗစ် တတိယလှိုင်းအတွင်း ဟားခါးမြို့နယ်တွင် ကိုဗစ်ကြောင့်သေဆုံးသူ ၂၄ ဦး၊ ကိုဗစ်သံသယနဲ့သေဆုံးသူ ၁၉ ဦး စုစုပေါင်း ၄၃ ဦးရှိပါတယ်။

(Zawgyi)

Zalen ad





နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်ကျေးရွာကို အကြိမ်ကြိမ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်ပျက်စီး

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းမပေါ်ရှိ ခမ်းပါတ်မြို့အနီးက ကနန်ကျေးရွာကို လေကြောင်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်အရ သိရပါတယ်။ ယနေ့ဇွန်လ ၂၅ ရက်နေ့မှာလည်းစစ်ကောင်စီတပ်က ခမ်းပါတ်မြို့အနီးက ကနန်ကျေးရွာကို အခုလိုဂျက်ဖိုက်တာ ၂စီးနဲ့ ...

ဆက်ဖတ်ရန်