ယူကရိန်း စစ်ရေးအကူအညီအားလုံးကို အမေရိကန် ရပ်ဆိုင်း

၄၊ မတ်၊ ၂၀၂၅

Zalen

ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်း သမ္မတဇလန်းစကီးတို့ အိမ်ဖြူတော်တွေ့ဆုံမှုအတွင်း အငြင်းပွားမှုဖြစ်ပွားပြီး‌ နောက် ယူကရိန်းကို ပေးနေတဲ့ အမေရိကန်စစ်ဘက်အကူအညီအားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။

ဒီကနေ့မှာပဲ ယူကရိန်းအတွက် စစ်ရေးအကူအညီအားလုံး ရောက်ရာနေရာမှာ ရပ်တန့်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကာကွယ်ရေးဝန်ကြီးကို တိုက်ရိုက်အမိန့်ပေးတာလို့လည်း သိရပါတယ်။

Zalen ad

ယူကရိန်းခေါင်းဆောင်ဘက်က ငြိမ်းချမ်းရေးအတွက် သဘောရိုးနဲ့ သန္နိဋ္ဌာန်ချထားတယ်ဆိုတာ ပြသနိုင်တယ်လို့ ထရမ့်ပ်က မဆုံးဖြတ်မချင်း အကူအညီတွေ ဆိုင်းငံ့ထားမှာဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြပါတယ်။

ဒီလိုရပ်လိုက်တဲ့အထဲမှာ ယူကရိန်းလက်ထဲ မရောက်သေးတဲ့ အမေရိကန် စစ်လက်နက်အားလုံး ပါဝင်ပြီး လတ်တလော လမ်းခုလတ် လေယာဉ်တွေ၊ သင်္ဘောတွေပေါ်မှာ ပို့ဆောင်နေဆဲ ပစ္စည်းတွေနဲ့ ပိုလန်မှာ လွှဲပေးဖို့ရောက်နေတဲ့ လက်နက်တွေပါ ပါတယ်လို့ ဆိုပါတယ်။

မူလအစီအစဉ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ ယူကရိန်းရဲ့ မြေရှားသတ္တုကို အမေရိကန်က ရယူခွင့် ပေးမယ့် သဘောတူညီချက်တစ်ခုကို သမ္မတနှစ်ဦးက လက်မှတ်ရေးထိုးဖို့ ဖြစ်ပေမယ့် အခုတော့ အငြင်းပွားမှုကြောင့် ရှေ့ဆက်မရဖြစ်ခဲ့ပါတယ်။

စစ်ပွဲစတင်တဲ့ အချိန်ကနေ အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ဘက်အကူအညီ ယူရို ၆၄ ဘီလီယံခန့် ပေးအပ်ခဲ့ပြီး ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကနေ ယူရို ၆၂ ဘီလီယံ ပေးအပ်ခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မြန်မာရှိ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ ဒရုန်းပေးပို့မှုတို့ဖြင့် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယမှာ ဖမ်းဆီး

မတ် ၁၇၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အမေရိကန်နိုင်ငံသား ...

ဆက်ဖတ်ရန်