ရုရှားစစ်တပ်ကို စိန်ခေါ်ခဲ့တဲ့ ကြေးစားလက်နက်ကိုင်အဖွဲ့ ဝဂ္ဂနာအဖွဲ့ခေါင်းဆောင် ပရီကိုဇင်ဆိုတာ ဘယ်သူလဲ

ဝဂ္ဂနာ(wagner group) အဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ ယစ်ဂျင်နီပရီကိုဇင်(Yevgeny Prigozhin) ဖြစ်ပါတယ်။ Wagner Group ကတော့ ပုဂ္ဂလိကစစ်တပ်ကန်ထရိုက်တာ အုပ်စုဖြစ်ပါတယ်။ သူတို့ကတော့ ယူကရိန်း ကျူးကျော်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ပြီးနောက် ပိုမိုထင်ရှားလာခဲ့တာဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲမှာ ဒီအဖွဲ့ဟာ ရုရှားစစ်တပ်အစား စစ်တိုက်ပေးပြီး ကြီးမားသော ထိခိုက်သေဆုံးမှုများနဲ့ ကြုံ့လာသော အုပ်စုလည်းဖြစ်ပါတယ်။ Wagner တပ်သားတွေဟာ ယူကရိန်းမြို့တစ်မြို့ဖြစ်တဲ့ ဘက်မု (Bakhmut) မြို့ကို ဧပြီလတွင် သိမ်းပိုက်ပြီးနောက် ရုရှားအလံကို ထောင်နိုင်ခဲ့ပါတယ်။ ဒီမြို့ကို သိမ်းလိုက်နိုင်ဖို့ Wagner တပ်သားတွေ ၁၅ လခန့် စစ်တိုက်ခဲ့ရပါတယ်။ ပရီကိုဇင်ကတော့ ဒီမြို့သိမ်းပွဲကို အခွင့်ကောင်းယူပြီး ရုရှားစစ်တပ်ကို ယူကရိန်းစစ်ပွဲ မအောင်မြင်မှုအတွက် အပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Fighters of Wagner private mercenary group stand guard in a street near the headquarters of the Southern Military District in the city of Rostov-on-Don, Russia, June 24, 2023. REUTERS/Stringer

ဒီလို ဝေဖန်မှုကို ရုရှားနိုင်ငံမှာတော့ လူနည်းစုလောက်ကသာ လုပ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့မှာတော့ ဝဂ္ဂနာတပ်သားများဟာ ယူကရိန်းကနေ ရုရှားနယ်စပ်မြို့ဖြစ်တဲ့ Rostov-on-Don မြို့ကို ဝင်လာခဲ့ပြီး သူတို့ကို တားဆီးသူများအားလုံးကို ပြန်တိုက်မယ်လို့ ပြောခဲ့ပါတယ်။ ဝဂ္ဂနာအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ပရီကိုဇင်ကတော့ ရုရှားဟာ ဘာလို့ ယူကရိန်းကို ကျူးကျော်စစ်တိုက်ရတာလဲဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဆိုတော့ ဝဂ္ဂနာအဖွဲ့ခေါင်းဆောင် ပရီကိုဇင်ဆိုတာ ဘယ်သူလဲ

၁။ သူဟာ ၁၉၈၀ ခုနှစ်ကျော်တွင် ခိုးမှုနှင့်အခြားသော ပြစ်မှုများအတွက် ထောင်ဒဏ် ၉ နှစ်ကျဖူးသူ တစ်ယောက်ဖြစ်ပါတယ်။

၂။ သူထောင်က လွတ်လာပြီးနောက်မှာတော့ ဟော့ဒေါ့ရောင်းခဲ့ပါတယ်။ နောက်မှာတော့ ခရင်မလင်နဲ့ သူ့ကုမ္ပဏီအကြားက အစားအသောက် ကန်ထရိုက်ကြောင့် သူဟာ ပူတင်ရဲ့ စားဖိုမှူးချုပ်အထိ ဖြစ်လာခဲ့ပါတယ်။

၃။ ၂၀၁၄ ခုနှစ်မှာတော့ သူဟာ ဝဂ္ဂနာ (wagner) ကြေးစားစစ်တပ်ကို စတင်တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ စစ်သားများဟာ လစ်ဗျား၊ ဆီးရီးယားနှင့် မာလီ အစရှိတဲ့ နိုင်ငံတွေမှာ စစ်တိုက်ခဲ့ပြီဖြစ်ပါတယ်။

၄။ ပရီကိုဇင်ဟာ ယူကရိန်းတွင် ဝဂ္ဂနာအတွက် စစ်တိုက်ရန် ထောင်ပေါင်းများစွာသော ထောင်သားများကို အသုံးပြုထားပါတယ်။ ဒီအဖွဲ့ဟာ ယူကရိန်းမြို့တစ်မြို့ဖြစ်တဲ့ ဘက်မု (Bakhmut) သိမ်းပိုက်ခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ နိုင်ငံတကာတွင် ရုရှားစစ်တပ်ကို အသုံးပြုပါက ဝေဖန်ခံရနိုင်သော နေရာများတွင် ဝဂ္ဂနာအဖွဲ့ကို စေလွှတ်အသုံးပြုလေ့ရှိပါတယ်။

ရုရှားစစ်တပ်ကို စိန်ခေါ်ခဲ့တဲ့ ယစ်ဂျင်နီပရီကိုဇင်ကြောင့် ပူတင်ရဲ့ဩဇာဟာ ကမ္ဘာမျက်နှာစာမှာကျဆင်းစေပြီး မိမိကိုယ်ကို အင်အားတောင့်တင်းတယ်လို့ပြတတ်တဲ့ ပူတင်အတွက် သိက္ခာကျစရာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်မှူးမှ ညွန်ကြား

၂၆၊ အောက်တိုဘာ ၂၀၂၄ Zalen မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ် အော့ခရူခရိုင်နဲ့၊ ကမ်း‌ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်အုပ်ချူပ်ရေးအဖွဲ့က အောက်တိုဘာ ၂၂ရက်နေ့က လာရောက်ညွန်ကြားခဲ့တယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။ ...

ဆက်ဖတ်ရန်