ရေစကြိုတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

၃၀၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေလှံရွာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ၅ ဦးရရှိခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ထံက သိရှိရပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ပြီး  ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားနယ်မြေသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့  အောက်တိုဘာလ ၂၈ ရက် နေလည် ၁၂ နာရီချိန်တွင် ရွှေလှံရွာအနီး၌  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MBT အဖွဲ့ တာဝန်ခံထံက သိရှိရပါတယ်။

Zalen ad

၎င်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်ကြောင်းသုံးကြောင်းခွဲကာ ၄ နာရီကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမူမရှိဘဲ အောင်မြင်စွာ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ MBTနှင့် ညီနောင်မဟာမိတ်အင်အားစုများ၊ Myingyan Black Tiger၊ Popa Production & Guerilla Force (PPGF)၊ TLK ပြောက်ကြားတပ်၊ NY- PDF

၊ ဗိုလ်ခြောက်ဆယ်၊ Bright Stars Group၊ Royal Eagle People Defence Force၊ ဗိုလ်ခြောက်ဆယ် ပြောက်ကြားတပ်၊နဂါးညီနောင်တပ်ဖွဲ့နဲ့ အခြားသော ညီနောင်မဟာမိတ်အင်အားစုများ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

မြန်မာရှိ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ ဒရုန်းပေးပို့မှုတို့ဖြင့် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယမှာ ဖမ်းဆီး

မတ် ၁၇၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အမေရိကန်နိုင်ငံသား ...

ဆက်ဖတ်ရန်