ရောဂါရှိတဲ့ ကြက်၊ဝက်၊ အမဲသားများအား မရောင်းချရန် FCMF အဖွဲ့စည်းမှ မေတ္တာရပ်ခံစာထုတ်ပြန်

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး ကလေးမြိုနှင့်နယ်စပ်တွင် ဝက်နာကျရောဂါများ ပြန့်ပွားလျှက်ရှိပြီး ဖလမ်းမြို့တွင်လည်း ရောဂါရှိတဲ့ အိမ်မွေးတိရိစ္ဆာန်အသားများ မရောင်းချရန် FCMF အဖွဲ့က

မေတ္တာရပ်ခံစာ ပို့ထားတယ်လို့ သိရပါတယ်။

ကျေးရွာများမှ ရောဂါပိုးရှိ ဖျားနာနေသော ရောဂါ ကူးစက်ခံထားရသည့် အိမ်မွေး တိရိစ္ဆာန် များ အပြင် အမဲသား၊ကျွှဲ ၊နွားနောက် များအား ကြိုတင်ကာကွယ်ဆေး ထိုးပြီးလေးဆယ့်ငါးရက် မတိုင်ခင် ရောင်းချ၊ ပေါ် တာမျိူး မလုပ်ဖို့ အခုလို ဖလမ်းမြို့ FCMF (ဖလမ်း မြို့ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဆရာတော်များ မိတ်သဟာရအဖွဲ့) မှ စက်တင်ဘာလ ၇ ရက်နေ့မှာ စာထုတ်ပြန်ထားခြင်းဖြစ်တယ်။

ဖလမ်းမြို့ တွင်လည်း ယခုလအတွင်း ဝက်နာကျရောဂါကြောင့်ဝက်အချို့ သေဆုံးသွားမျိူးတွေရှိတယ်လို့လည်း သိရပါတယ်။

Zalen ad

“ လသားအရွယ် ဝက်ပေါက်လေးတွေ ဆို ကျေးရွာဖက်ကနေ မြို့ပေါ်ကို ရောင်းချဖို့ သယ်လာတဲ့ အခါမှာ ရာသီဥတု ဆိုးရွားနေလို့ပဲ ထင်တယ် ဝက်တွေ အအေးမိဖျား တာလောက်တော့ ရှိတယ်။ ကာကွယ်ဆေး ထိုးပေးတယ် နောက်တေ့ာအစာပြန်စားတဲ့ ဝက်တွေ ကျတော့ ကျန်းမာသွားကြတယ်။ အစာ မစားနိုင်တော့တဲ့ဝက်‌ေတွကျ‌ေတာ့တစ်ရက် နှစ်ရက် လောက်နေရင် သေသွားကြတာပဲ ” လို့ မြို့ခံဝက်မွေးတဲ့ သူတစ်ဦးမှ ပြောပါတယ်။

ဖလမ်းမြို့နယ် ကျေးရွာများမှတစ်ဆင့် မြို့ပေါ် သို့ ဝက်နာကျ များ ရောဂါရှိတဲ့ တိရိစ္ဆာန်တွေကို ဝယ်ရောင်းလုပ်ပြီး စည်ပင်ဈေး အသားခုံတွေမှာမရောင်းချဖို့ကြိုတင်‌ေရာဂါကာကွယ်ရေး လူံ့ဆော်ထားတယ်လို့ သိရပါတယ်။ ဖလမ်းမြို့အတွင်း နာ‌ရေး သာရေး များ ရှိသည့်အခါတွင်သာ ည အပြင်ထွက် ဖို့ မေတ္တာ ရပ်ခံထားတယ်လို့လဲ သိရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်