ရွေးကောက်ပွဲဆန့်ကျင်ရေးကာလ တော်လှန်ရေးအင်အားစုများ သတ်မှတ်ကြေညာ

အောက်တိုဘာ ၂၈၊ ၂၀၂၅

Zalen

အာဏာသိမ်း စစ်ကောင်စီက ကျင်းပမယ့် ရွေး ကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးကာလကိုအောက်တိုဘာ ၂၈ ရက် ကစပြီး ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ လက်ရှိချိန်အထိ စစ်ကောင်စီရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အကြမ်း ဖက်မှုနဲ့ အကျင့်ပျက်ခြစားမှုတို့ကြောင့် နိုင်ငံရဲ့ အရင်းအမြစ်တွေကို ပျက်စီးဆုံးရှုံးစေခဲ့တယ်လို့ ဆိုပါတယ်။

ဒီလုပ်ရပ်တွေကြောင့် ရလဒ်အနေနဲ့ လူဦးရေ ၁၂ သန်းကျော်ဟာ ငတ်မွတ်မှုတွေ ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါအပြင် နိုင်ငံအနှံ့မှာ မူးယစ်ဆေးဝါးနဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ် လောင်းကစားတို့ စခန်းချရာတိုင်းပြည် ဖြစ်သွားသလို နေ့စဉ် အကြမ်းဖက်မှုတွေနဲ့ မလုံခြုံမှုတွေ ပြည့်နှက်နေတဲ့ တိုင်းပြည်တခု ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တိုင်းပြည်ကို ထပ်ပြီး နစ်မွန်းစေမယ့် အတုအယောင်ရွေးကောက်ပွဲ ဖြစ်သလို အကြမ်းဖက်ပွဲ၊ လုပ်ပွဲနဲ့ ထောင်ချောက်သာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကြီး ကို နည်းပရိယာယ်ကြွယ်ကြွယ်သုံးကာ သပိတ်မှောက် ဆန့်ကျင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို ဟန့်တား နှောင့်ယှက်၊ ဖျက်ဆီးမယ်ဆိုရင် အနည်းဆုံးထောင် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက်တစ် ကျွန်းနဲ့ သေဒဏ်အထိ ချမှတ်ခံရမယ့် ဥပဒေကို ပြဋ္ဌာန်းထားပါတယ်။

လက်ရှိချိန်အထိ အဲဒီဥပဒေနဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသူ ၉၃ ဦးကို ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

Mo Mo

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်