ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်သွင်းတဲ့ ကိုယ်စားလှယ်တွေကို အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာမယ်

အောက်တိုဘာ ၂၂၊ ၂၀၂၅

Zalen

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်တွေကို ‌တိုးမြှင့်သတ်မှတ်ထားပြီး ကုန်ကျစရိတ်မတင်သွင်းတဲ့ ကိုယ်စားလှယ်တွေကို အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာမယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။

အရင်က လွှတ်တော် သုံးရပ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်ရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ကျပ်သိန်း ၁၀၀ သတ်မှတ်ထားပေမယ့် အခု သိန်း ၁၅၀ တိုးပေးထားပြီး တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်ရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ကျပ် သိန်း ၁၅၀ သတ်မှတ်ခဲ့ပေမဲ့ အခုတော့ သိန်း ၃၀၀ အထိ တိုးပေးထားတာပါ။

Zalen ad

ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာရွေးကောက်ပွဲအဖွဲ့ခွဲတွေမှာအချိန်မီ တင်သွင်းရမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

သတ်မှတ်ရက်အတွင်း မတင်သွင်းရင် ခုံအဖွဲ့ ဖွဲ့စစ်ဆေးပြီး အရည်အချင်း ပျက်ယွင်းသူတွေအဖြစ် ထုတ်ပြန်ကြေညာသွားမှာလို့ ဆိုပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်တင်မြှောက်ခံရကြောင်း အမည်ကြေညာတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို ပုံစံ(၂၀)နဲ့ ရေးသွင်းပြီး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေဆီမှာ တင်သွင်းရမှာ ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာတော့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော်မှာ စတဲ့နေရာ၂၈ နေရာအတွက် ကိုယ်စားလှယ်လောင်း ၈၃ ဦး ပါ၀င်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်