လူနေအိမ်ကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ ရန်ကြီးအောင်တပ်စခန်းကို တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးဟုဆို

ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းပေါ်ရှိတဲ့ ရန်ကြီးအောင်ကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းကို CDF-KKG နဲ့ CDF-Hakha ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၄ နာရီကအလစ်ငိုက်ဝင်ရောက်တိုက်ခိုက်တယ်လို့ CDF-KKG ကထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဟာ တစ်နာရီလောက်ကြာပြီး အာဏာသိမ်းစစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ ကရဲဘော်တွေအထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

ရန်ကြီးအောင်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွာထဲကအိမ်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်က တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၆ ရက်တစ်ကြိမ် စုစုပေါင်း လူနေအိမ် ၈ လုံးမီးရှို့ပျက်စီးကြပါတယ်။

Zawgyi

လူေနအိမ္ကိုမီးရိႈ႕ဖ်က္ဆီးခဲ့တဲ့ ရန္ၾကီးေအာင္တပ္စခန္းကို တိုက္ခိုက္ရာ စစ္သား ၆ ဦးေသဆံုးဟုဆို

ကေလးၿမိဳ႕ေတာင္ပိုင္း ကေလး-ဂန္႔ေဂါလမ္းေပၚရွိတဲ့ ရန္ၾကီးေအာင္ေက်းရြာမွာတပ္စြဲထားတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္စခန္းကို CDF-KKG နဲ႔ CDF-Hakha ပူးေပါင္းတပ္ဖြဲ႔က ေဖေဖာ္ဝါရီ ၁၆ ရက္ ညေန ၄ နာရီကအလစ္ငိုက္ဝင္ေရာက္တုိက္ခိုက္တယ္လုိ႔ CDF-KKG ကထုတ္ျပန္ထားပါတယ္။

တုိက္ပြဲဟာ တစ္နာရီေလာက္ၾကာၿပီး အာဏာသိမ္းစစ္ေကာင္စီဘက္က ၆ ဦးေသဆံုးၿပီး ပူးေပါင္းတပ္ဖြဲ႔ ကရဲေဘာ္ေတြအထိအခိုက္မရွိဘဲ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့ပါတယ္။

ရန္ၾကီးေအာင္ရြာမွာတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ေတြဟာ ရြာထဲကအိမ္ေတြကို ေဖေဖာ္ဝါရီလ ၁၅ ရက္က တစ္ၾကိမ္၊ ေဖေဖာ္ဝါရီလ ၁၆ ရက္တစ္ၾကိမ္ စုစုေပါင္း လူေနအိမ္ ၈ လံုးမီးရိႈ႕ပ်က္စီးၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်