ဝဥချေးငွေ ချေးယူလိုသူများ ဒီလ (၂၇)ရက်နောက်ဆုံး လျှောက်လွှာတင်ဖို့ကြေညာ

ချင်းပြည်နယ်အတွင်းရှိ ဝဥစိုက်တောင်သူများ ဝဥချေးငွေ ထုတ်ချေးလိုသူများ ဒီဇင်ဘာလ (၂၇) ရက်နေ့အရောက် လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ်ရုံးသို့ ပြန်လည်တင်ပြရန် ထွေအုပ်ရုံးက ဒီဇင်ဘာလ (၁၉)ရက်ကထုတ်ပြန်ထားပါတယ်။

ချေးငွေလျှောက်လွှာတွင် ဝဥတောင်သူ အမည်၊ လိပ်စာ၊ စိုက်ပျိုးမြေတည်နေရာ အသေးစိတ်အချက်အလက်၊ မြေပိုင်ဆိုင်မှုအထောက်အထား အပြည့်အစုံ၊ ဝဥစိုက်ခင်းမှတ်တမ်းဓာတ်ပုံ နဲ့ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ စသည်တို့ပါဝင်ပါတယ်။

(၇)ရက်အတွင်း မြေပိုင်ဆိုင်မှုအထောက်အထား ရရှိရန်အခက်အခဲဖြစ်စေနိုင်တယ်လို့ ဝဥစိုက်တောင်သူတွေဘက်က ဝေဖန်ကြပါတယ်။

Zalen ad

ဖလမ်းမြို့နယ် ဝဥစိုက်တောင်သူတစ်ဦးက “မြေပိုင်ဆိုင်မှုအထောက်အထားကို အသစ်နဲ့လုပ်ဖို့လိုမယ်။ အခုလို ခရစ္စမတ်နဲ့ နှစ်သစ်ကူးရုံးပိတ်ချိန်များတော့ ကျနော်တို့ဒါတော့လုပ်နိုင်မယ်မထင်ဘူး။ ပြီးတော့ ချေးငွေ အတိုးက ဘယ်လောက်လဲ၊ အမျိုးဝယ်ဖို့ချေးတာလာဘာလဲပေါ့၊ အမျိုးဆိုရင်ကော စုပေါင်းဝယ်ယူရမလာ၊ တစ်ယောက်တစ်ပေါက်ဝယ်ကြမလာ ဒါတွေလည်းရှိတယ်။ တစ်ဧကလို့သတ်မှတ်ထားတဲ့နေရာမှာ တောင်ပေါ်မှာက မြေအနေအထားမတူတော့ တစ်ဧကမှာ ဝဥ ဘယ်နပင်သတ်မှတ်ထားတာလဲ ဒါတွေလည်းရှိတယ်။ မဟုတ်ရင် မြစိမ်းရောင်စီမံကိန်းလိုမျိုးဖြစ်ကုန်မယ်” လို့ပြောပါတယ်။

ဝဥချေးငွေစီမံကိန်းဟာ တစ်မြို့နယ်လျှင် တောင်သူဦးရေ (၁၀၀) တွင် ဧက(၁၀၀) သတ်မှတ်ပြီး တစ်ဧကလျှင် ကျပ် (၁၅)သိန်းနှုန်းဖြင့် ထုတ်ချေးမှာဖြစ်ပါတယ်။

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “မြန်မြန်တင်ခိုင်းတာက နောက်နှစ် ဇန်နဝါရီလမှာ ချေးငွေထုတ်ပေးချင်လို့ပါ။ မဟုတ်ရင် ဖေဖော်ဝါရီလဘက်ရောက်သွားပြီးတော့ အမျိုးတွေဝယ်ဖို့ အခက်အခဲဖြစ်သွားနိုင်တယ်။ အခု မြို့နယ် (၉)မြို့နယ်က စာရင်းတော့ အရင်ကတည်းက ရထားတာရှိတယ်။ စိစစ်ရွေးချယ်ပေးရမှာက မြို့နယ်အုပ်ချုပ်ရေးမှူးတွေဖြစ်ပါတယ်။ မြေပိုင်ဆိုင်မှုအထောက်အထားဆိုတာကတော့ အဲ့ဒါကတော့ စာအရရေးထားတာပါ။ များသောအားဖြစ် ဝဥစိုက်တောင်သူတွေက ပုံစံ (၇)တွေမရှိကြဘူး” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်