အကြွေးနဲ့ရိုက်ကူးထားတဲ့ ချင်းဗီဒီယိုဇာတ်ကား ဖြန့်ချီပြီး တစ်လမပြည့်ခင် အခွေနဲ့ရုပ်သံလိုင်းတွင်ခိုးယူပြသခံရ

၂၀၁၉၊ နိုဝင်ဘာလ (၉)
အကြွေးနဲ့ရိုက်ကူးထားတဲ့ ချင်း(ဖလမ်း) ဗီဒီယိုဇာတ်လမ်းဟာ ဖြန့်ချီပြီး နှစ်ပတ်မြောက်မှာ ခိုးကူးခွေနဲ့ ဒေသန္တရရုပ်သံလိုင်းတစ်ခုက ခိုးယူပြသခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ယင်းဇာတ်လမ်းနာမည်ကတော့ Riakmaw va Hram aw (အသိုက်ပျောက်ငှက်ရှိုက်သံ) ဖြစ်ပြီး ၂၀၁၈ ခုနှစ် တစ်နှစ်နီးပါးအချိန်ယူကာ ဖလမ်းမြို့နယ် နဲ့ ကလေးမြို့မှာ ရိုက်ကူးထားပါတယ်။ Ihburlen Picture က ရိုက်ကူးထုတ်လုပ်ပြီး သိန်း ၆၀ ကျော်ကုန်ကျပါတယ်။

ခိုးကူးဆိုင္တြင္ေတြ႔ရတဲ့ ခ်င္း(ဖလမ္း)ဇာတ္ကား Riakmaw va Hram aw

ဒီဗီဒီယိုဇာတ်ကားခွေကို အောက်တိုဘာ (၁၁)ရက်တွင် ကလေးမြို့ တာဟန်းမှာ စတင်ဖြန်ချီခဲ့ပါတယ်။ မူရင်းအခွေ နှစ်ထောင်ထုတ်ဝေပြီး တစ်ခွေတွင် သုံးထောင်ကျပ်ဖြစ်ရောင်းချနေချိန်တွင် ကူးခွေတွေက တစ်ခွေကို ငါးရာကျပ်နဲ့ရောင်းချနေပါတယ်။

ယင်းဇာတ်ကားရိုက်ကူးထုတ်လုပ်တဲ့ Ihburlen Picture ရဲ့ဥက္ကဌ ဆလိုင်းမာဇောန်က “ပထမဆုံးတော့ တာဟန်းက 7 Cable ရုပ်သံလိုင်းက ထုတ်လွှင့်နေတယ်လို့မိတ်ဆွေတွေဆီကတဆင့်သတင်းကြားတာကြောင့် သူတို့ဆီကို အရင်ဦးဆုံးသွားကြတယ်။ သူတို့ကတော့ ကျနော်တို့ကိုကောင်းကောင်းဆက်ဆံကြတယ်။ သူတို့ပြောတာတော့ ဒီဇာတ်ကားက တာဟန်းမီးသတ်မျှော်စင်နားက Glory လျှပ်စစ်ပစ္စည်းနဲ့ အခွေရောင်းတဲ့ဆိုင်က ဒီဇာတ်ကားက အသစ်၊ လူတွေတော်တော်ကြိုက်ကြတယ်၊ လွှင့်ချင်လို့ရှိရင်ဆိုပြီး ပေးခဲ့လို့အရင်တစ်ပတ် တစ်ကြိမ်ထုတ်လွှင့်ခဲ့တယ်လို့ပြောတယ်။ ဒါကြောင့် နောက်တစ်ကြိမ်ထပ်မလွှင့်ပေးဖို့တောင်းပန်ပြီး memory ထဲကအဲ့ဇာတ်ကားကိုလည်း ကျနော်တို့ရှေ့မှာ ဖျက်လိုက်တယ်။ ဒါနဲ့ တာဟန်းဈေးနားက Glory ဆိုင်ကိုသွားတော့ သူတို့ကတော့ ဘာမှဂရုမစိုက်သလို ကျနော်တို့ကိုဆက်ဆံတယ်။ နောက်ထပ် ကော်ပီမပွားဖို့တောင်းပန်ပြီးတော့ ဟုတ်ကဲ့လို့ပြောပေမယ့် သူတို့ဆိုင်မှာကျနော်တို့ရှိနေတုန်း တစ်ယောက်ကိုထပ်ရောင်းသွားသေးတယ်။ သူတို့က ကျနော်တို့ပဲမဟုတ်ဘူး တာဟန်းဈေးနားက ဇိုးဒီးအခွေဆိုင်မှာလည်းရောင်းတယ်ဆိုလို့ နောက်တစ်နေရာကိုထပ်သွားတယ်။ သူတို့ကတော့ ခိုးကူးခွေကိုတောင်းတာမပေးချင်ဘူး။ မူပိုင်ခွင့်တောင်မတင်ထားဘူးအဲ့လိုပုံစံပြောကြတယ်။ ပြီးတော့ ဝယ်စလီဆေးရုံရှေ့က အခွေဆိုင်လည်းသွားပေမယ့် ဆိုင်ပိတ်ထားတယ်။ အရင်ဆုံးဒီဆိုင်ကို သံသယရှိတယ်။ အရင် ဇာတ်ကား San Tisuar (ခေတ်ရေလှိုင်း) ထုတ်တုန်းကလည်း သူပဲခိုးကူးထုတ်နေတာ” လို့ပြောပါတယ်။

Zalen ad

ဆက်လက်ပြီး ၎င်းက “ခိုးကူးဆိုင်တွေရဲ့ ပြောပြချက်အရဆိုရင် ပထမဆုံး ပရိသတ်တွေက ဆိုင်ကိုသွားပြီး ဒီခွေကို ကော်ပီကူးပေးဖို့ခိုင်းပြီးတော့ သူတို့လည်းဆက်ကူးနေတဲ့သဘော။ အခု သရုပ်ဆောင်ကြေးတွေ၊ မိတ်ကပ်တွေ၊ ဇာတ်ကားသီချင်း ရေး၊ ဆိုပေးတဲ့သူတွေလည်း အနုပညာကြေးမပေးရသေးဘူး။ အခွေရောင်းရငွေတွေက ခုချိန်မှာ တစ်ပြားမှ ကျနော်တို့ဆီပြန်မရောက်သေးဘူး။ ဆိုတော့ ကျနော်တို့ ပင်ပန်းသဖြင့် သဲထဲရေသွင်သလိုဖြစ်နေတယ်။ အခုတော့ စောင့်ကြည့်နေတယ်။ နောက်တစ်ကြိမ်ထပ်လုပ်ရင်တော့ တိုင်စာရေးမယ်” လို့ပြောပါတယ်။

ယင်းဗီဒီယိုဇာတ်ကားဟာ ဆင်ဆာတင်ပြီးခွင့်ပြုချက်နဲ့ရိုက်ကူးထားတာမဟုတ်ဘဲ ချင်း(ဖလမ်း)စကားသုံးအတွင်း အကန့်အသတ်နဲ့ထုတ်ဝေတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားအပြင် ချင်းဓမ္မတေးသီချင်းများ၊ ချင်းအချစ်သီချင်းများလည်း ခိုးကူးတွေကြောင့် အခွေပေါက်ရင်လည်း ငွေကြေးအရ အမြဲတမ်းအရှုံးနဲ့ ရင်ဆိုင်နေကြပါတယ်။

Ihburlen Picture က ၂၀၁၇ ခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် San Tisuar (ခေတ်ရေလှိုင်း) ဆိုတဲ့ ဗီဒီယိုဇာတ်လမ်းတစ်ကားထုတ်လုပ်ပြီး ပရိသတ်အားပေးမှုအထိုက်အလျှောက်ရရှိခဲ့ပါတယ်။

ခီမောင်နှံတို့ရိုက်ကူးထားတဲ့ ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်း ဇာတ်ကွက်ကို တစ်ခုမကျန် News Watch Weekly နဲ့ စောင့်ကြည့် ဂျာနယ်တွင် ထုတ်ဝေခဲ့တာကြောင့် ပြင်းထန်စွာရှုတ်ချကြောင်း နိုဝင်ဘာလ (၈)ရက်နေ့က ထုတ်ပြန်ထားပါတယ်။

(Zawgyi)

အေႂကြးနဲ႔႐ိုက္ကူးထားတဲ့ ခ်င္းဗီဒီယိုဇာတ္ကား ျဖန႔္ခ်ီၿပီး တစ္လမျပည့္ခင္ အေခြနဲ႔႐ုပ္သံလိုင္းတြင္ခိုးယူျပသခံရ

၂၀၁၉၊ ႏိုဝင္ဘာလ (၉)
အေႂကြးနဲ႔႐ိုက္ကူးထားတဲ့ ခ်င္း(ဖလမ္း) ဗီဒီယိုဇာတ္လမ္းဟာ ျဖန႔္ခ်ီၿပီး ႏွစ္ပတ္ေျမာက္မွာ ခိုးကူးေခြနဲ႔ ေဒသႏၲရ႐ုပ္သံလိုင္းတစ္ခုက ခိုးယူျပသခဲ့ၾကတယ္လို႔ သတင္းရရွိပါတယ္။

ယင္းဇာတ္လမ္းနာမည္ကေတာ့ Riakmaw va Hram aw (အသိုက္ေပ်ာက္ငွက္ရႈိက္သံ) ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ တစ္ႏွစ္နီးပါးအခ်ိန္ယူကာ ဖလမ္းၿမိဳ႕နယ္ နဲ႔ ကေလးၿမိဳ႕မွာ ႐ိုက္ကူးထားပါတယ္။ Ihburlen Picture က ႐ိုက္ကူးထုတ္လုပ္ၿပီး သိန္း ၆၀ ေက်ာ္ကုန္က်ပါတယ္။

ဒီဗီဒီယိုဇာတ္ကားေခြကို ေအာက္တိုဘာ (၁၁)ရက္တြင္ ကေလးၿမိဳ႕ တာဟန္းမွာ စတင္ျဖန္ခ်ီခဲ့ပါတယ္။ မူရင္းအေခြ ႏွစ္ေထာင္ထုတ္ေဝၿပီး တစ္ေခြတြင္ သုံးေထာင္က်ပ္ျဖစ္ေရာင္းခ်ေနခ်ိန္တြင္ ကူးေခြေတြက တစ္ေခြကို ငါးရာက်ပ္နဲ႔ေရာင္းခ်ေနပါတယ္။

ယင္းဇာတ္ကား႐ိုက္ကူးထုတ္လုပ္တဲ့ Ihburlen Picture ရဲ႕ဥကၠဌ ဆလိုင္းမာေဇာန္က “ပထမဆုံးေတာ့ တာဟန္းက 7 Cable ႐ုပ္သံလိုင္းက ထုတ္လႊင့္ေနတယ္လို႔မိတ္ေဆြေတြဆီကတဆင့္သတင္းၾကားတာေၾကာင့္ သူတို႔ဆီကို အရင္ဦးဆုံးသြားၾကတယ္။ သူတို႔ကေတာ့ က်ေနာ္တို႔ကိုေကာင္းေကာင္းဆက္ဆံၾကတယ္။ သူတို႔ေျပာတာေတာ့ ဒီဇာတ္ကားက တာဟန္းမီးသတ္ေမွ်ာ္စင္နားက Glory လွ်ပ္စစ္ပစၥည္းနဲ႔ အေခြေရာင္းတဲ့ဆိုင္က ဒီဇာတ္ကားက အသစ္၊ လူေတြေတာ္ေတာ္ႀကိဳက္ၾကတယ္၊ လႊင့္ခ်င္လို႔ရွိရင္ဆိုၿပီး ေပးခဲ့လို႔အရင္တစ္ပတ္ တစ္ႀကိမ္ထုတ္လႊင့္ခဲ့တယ္လို႔ေျပာတယ္။ ဒါေၾကာင့္ ေနာက္တစ္ႀကိမ္ထပ္မလႊင့္ေပးဖို႔ေတာင္းပန္ၿပီး memory ထဲကအဲ့ဇာတ္ကားကိုလည္း က်ေနာ္တို႔ေရွ႕မွာ ဖ်က္လိုက္တယ္။ ဒါနဲ႔ တာဟန္းေဈးနားက Glory ဆိုင္ကိုသြားေတာ့ သူတို႔ကေတာ့ ဘာမွဂ႐ုမစိုက္သလို က်ေနာ္တို႔ကိုဆက္ဆံတယ္။ ေနာက္ထပ္ ေကာ္ပီမပြားဖို႔ေတာင္းပန္ၿပီးေတာ့ ဟုတ္ကဲ့လို႔ေျပာေပမယ့္ သူတို႔ဆိုင္မွာက်ေနာ္တို႔ရွိေနတုန္း တစ္ေယာက္ကိုထပ္ေရာင္းသြားေသးတယ္။ သူတို႔က က်ေနာ္တို႔ပဲမဟုတ္ဘူး တာဟန္းေဈးနားက ဇိုးဒီးအေခြဆိုင္မွာလည္းေရာင္းတယ္ဆိုလို႔ ေနာက္တစ္ေနရာကိုထပ္သြားတယ္။ သူတို႔ကေတာ့ ခိုးကူးေခြကိုေတာင္းတာမေပးခ်င္ဘူး။ မူပိုင္ခြင့္ေတာင္မတင္ထားဘူးအဲ့လိုပုံစံေျပာၾကတယ္။ ၿပီးေတာ့ ဝယ္စလီေဆး႐ုံေရွ႕က အေခြဆိုင္လည္းသြားေပမယ့္ ဆိုင္ပိတ္ထားတယ္။ အရင္ဆုံးဒီဆိုင္ကို သံသယရွိတယ္။ အရင္ ဇာတ္ကား San Tisuar (ေခတ္ေရလႈိင္း) ထုတ္တုန္းကလည္း သူပဲခိုးကူးထုတ္ေနတာ” လို႔ေျပာပါတယ္။

ဆက္လက္ၿပီး ၎က “ခိုးကူးဆိုင္ေတြရဲ႕ ေျပာျပခ်က္အရဆိုရင္ ပထမဆုံး ပရိသတ္ေတြက ဆိုင္ကိုသြားၿပီး ဒီေခြကို ေကာ္ပီကူးေပးဖို႔ခိုင္းၿပီးေတာ့ သူတို႔လည္းဆက္ကူးေနတဲ့သေဘာ။ အခု သ႐ုပ္ေဆာင္ေၾကးေတြ၊ မိတ္ကပ္ေတြ၊ ဇာတ္ကားသီခ်င္း ေရး၊ ဆိုေပးတဲ့သူေတြလည္း အႏုပညာေၾကးမေပးရေသးဘူး။ အေခြေရာင္းရေငြေတြက ခုခ်ိန္မွာ တစ္ျပားမွ က်ေနာ္တို႔ဆီျပန္မေရာက္ေသးဘူး။ ဆိုေတာ့ က်ေနာ္တို႔ ပင္ပန္းသျဖင့္ သဲထဲေရသြင္သလိုျဖစ္ေနတယ္။ အခုေတာ့ ေစာင့္ၾကည့္ေနတယ္။ ေနာက္တစ္ႀကိမ္ထပ္လုပ္ရင္ေတာ့ တိုင္စာေရးမယ္” လို႔ေျပာပါတယ္။

ယင္းဗီဒီယိုဇာတ္ကားဟာ ဆင္ဆာတင္ၿပီးခြင့္ျပဳခ်က္နဲ႔႐ိုက္ကူးထားတာမဟုတ္ဘဲ ခ်င္း(ဖလမ္း)စကားသုံးအတြင္း အကန႔္အသတ္နဲ႔ထုတ္ေဝတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ဗီဒီယိုဇာတ္ကားအျပင္ ခ်င္းဓမၼေတးသီခ်င္းမ်ား၊ ခ်င္းအခ်စ္သီခ်င္းမ်ားလည္း ခိုးကူးေတြေၾကာင့္ အေခြေပါက္ရင္လည္း ေငြေၾကးအရ အၿမဲတမ္းအရႈံးနဲ႔ ရင္ဆိုင္ေနၾကပါတယ္။

Ihburlen Picture က ၂၀၁၇ ခုႏွစ္ အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕တြင္ San Tisuar (ေခတ္ေရလႈိင္း) ဆိုတဲ့ ဗီဒီယိုဇာတ္လမ္းတစ္ကားထုတ္လုပ္ၿပီး ပရိသတ္အားေပးမႈအထိုက္အေလွ်ာက္ရရွိခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္တြင္ အိႏိၵယႏိုင္ငံ နယူးေဒလီၿမိဳ႕တြင္ ရိုက္ကူးထုတ္ေဝတဲ့ Ihburlen Pictures ရဲ႕ ပထမဆံုး ဇာတ္ကား San Tisuar ( ေခတ္ေရလႈိင္း)

ခီေမာင္ႏွံတို႔ရိုက္ကူးထားတဲ့ ထာဝရေႏွာင္ၾကိဳး ရုပ္ရွင္ဇာတ္ကားရဲ႕ ဇာတ္လမ္း ဇာတ္ကြက္ကို တစ္ခုမက်န္ News Watch Weekly နဲ႔ ေစာင့္ၾကည့္ ဂ်ာနယ္တြင္ ထုတ္ေဝခဲ့တာေၾကာင့္ ျပင္းထန္စြာရႈတ္ခ်ေၾကာင္း ႏိုဝင္ဘာလ (၈)ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်