အိန္ဒိယ-မြန်မာ နယ်စပ် တီအိုးချောင်းဖြတ်ကူးစဉ် လူတစ်ဦးရေနစ်သေဆုံး

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့ အမှတ် (၂)ရပ်ကွက်နားက တီအိုးချောင်းကိုဖြတ်ကူးစဉ် ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်က အသက် (၂၃)နှစ်အရွယ် လူငယ်တစ်ဦးဟာ ယနေ့ညနေ (၅)နာရီခန့်က ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာကြို့သုံးပင်ရပ်ကွက်နေ မောင်မာန်ရှန်းခွါလ် (ဘ) ဦးဒါလ်ဇထန် ဟာ မီဇိုရမ်ပြည်နယ် ဇိုခေါ်သာရ်ရွာဘက်ကနေ မြန်မာပြည်ကိုဝင်လာဖို့ တီအိုးချောင်းကို ဖြတ်ကူးလာပါတယ်။ ကိုဗစ်ကာလကြောင့် နယ်စပ်တံတားဟာ ပိတ်ထားတာကြောင့် လူနဲ့ပစ္စည်းဖြတ်သန်းခွင့်မရှိပါ။ ချောင်းရေလည်း ရေစီးသန်လာသလို မောင်မာန်ရှန်းခွါလ်တွင် ပစ္စည်းတွေထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးလည်းလွယ်ထားပါတယ်။ ရေထဲမျှောလာတဲ့ချိန်တွင် ချောင်းဘေးကနေလူတွေက ကူညီဖို့လက်ကမ်းခဲ့ပေမယ့် ကျောပိုးအိတ်သာဆွဲမိရာ မောင်မာန်ရှန်းခွါလ်ကတော့ချောင်းထဲဆက်ပါသွားပါတယ်။

ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်မှာနေထိုင်တဲ့ ကိုကမ်သဲက “အဲ့ဒီလိုရေထဲမျှောပါပြီးတော့ နယ်စပ်တံတားအောက်မှာ တစ်ခါပေါ်လာသေးတယ်။ ကျနော်တို့ဆက်လိုက်ပေမယ့် မတွေ့တော့ဘူး။ ချောင်းအောက်ဘက်ကနေလည်း သူပေါ်လာမှာစောင့်ပေမယ့်မပေါ်လာတော့ဘူး။ ဒါကြောင့် ဟိုဘက်ကမ်းကလူငယ်အဖွဲ့ကိုဖုန်းဆက်အကူအညီတောင်းပြီး သူတို့လည်း ချောင်းတစ်လျှောက်လိုက်ရှာပေးကြတယ်။ တံတားကနေ ၃ ဖာလုံလောက်ဝေးတဲ့နေရာမှာ ဇိုခေါ်သာရ်လူငယ်တွေက အလောင်းတွေ့တော့ သူတို့က ကျနော်တို့ဆီမှာအလောင်းကိုလာအပ်တယ်။ ပြီးတော့ ရိခေါ်ဒါရ်ဆေးရုံကိုပို့ပြီးတော့ သူတို့ခွင့်ပြုချက်ရပြီးမှ အလောင်းကို ကလေးဘက်သယ်ဖို့စီစဉ်ကြတယ်။ သူရေထဲမျှောသွားတဲ့ချိန်မှာ တစ်ခုခုနဲ့ဆောင့်မိတယ်ထင်တယ် နဖူးမှာ အမဲရောင်ပေါ်နေတယ်။ ကြည့်ရတာ သူရေသိပ်မကူးတတ်ဘူးထင်တယ်” လို့ပြောပါတယ်။

ဒီနေ့ညနေပိုင်း ၄ နာရီလောက်တွင် မောင်မာန်ရှန်းခွါလ်ဟာ ရေထဲမျှောသွားပြီး အလောင်းကိုတော့ ၅ နာရီမှာပြန်တွေ့တယ်။ အလောင်းကိုတော့ ညနေ ၆ နာရီမှာ ကားနဲ့ကလေးဘက်ကိုသယ်သွားကြပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်