ကတင်းချောင်းအနီး ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ပါကွန်းကျေးရွာ အောက်ဘက် ကတင်းချောင်းအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးဟု CDF ကန်ပက်လက်က ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကန်ပက်လက်မြို့မှ တပ်ချိန်းပြီး၍ ပြန်လည်ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် CDF ကန်ပက်လက် တပ်ဖွဲ့တို့အကြား ဇူလိုင် ၂၃ ရက်နေ့၊ နေ့လယ် (၁၂) နာရီ မှ (၁း၃၀) နာရီ အချိန်အတွင်း ပါကွန်းကျေးရွာအောက်ဘက် ကတင်းချောင်းအနီးတွင် ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၅)ဦး သေဆုံးပြီး၊ အများပြားထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ CDF ကန်ပက်လက် ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိသော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းနင်းမိ၍ ပြည်သူတစ်ဦး သေဆုံးဟု ဆိုသည်။

အလားတူ ဇူလိုင်လ ၂၁ ရက်နေ့တွင် ကန်ပက်လက်မြို့သို့ တပ်ချိန်းရန် လာရောက်သည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၄၀) ကျော်နဲ့ CDF ကန်ပက်လက်တို့အကြား လုံမောင်အနီးတွင် (၁)ကြိမ်၊ မြတ်နိုးသူမြောက်ဘက်တွင် (၁)ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးကာ၊ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်