ပက်ကွီယို နဲ့ မေဝယ်သာတို့ မကျေပွဲထိုးသတ်မယ်

========

ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၆

Zalen

Zalen ad

လက်ဝှေ့အကျော်အမော်တွေဖြစ်ကြတဲ့ ဖိလစ်ပိုင်နိုင်ငံသား မေနီပက်ကွီယို နဲ့ အမေရိကန်နိုင်ငံသား ဖလွိုက်ဒ်မေဝယ်သာ တို့ အကြား မကျေပွဲကို လာမယ့် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အသက် ၄၇ နှစ်အရွယ် ပက်ကွီအိုနဲ့ အသက် ၄၈ နှစ်အရွယ် မေဝဲသာတို့က စက်တင်ဘာ ၁၉ ရက်၊ စနေနေ့တွင် လာ့စ်ဗီးဂတ်စ်ရှိ Sphere ကွင်းမှာ  ထိုးသတ်ကြမှာဖြစ်ပြီး Netflix ကနေ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်။

မေဝယ်သာဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနစ်မှာ MMA အကျော်အမော် ကော်နာမက်ဂရီဂေါ နဲ့ နောက်ဆုံးထိုးသတ်ပြီး TKO နဲ့အနိုင်ရရှိပြီးနောက်ပိုင်း ဒီတခါပွဲက သူ့အတွက် နောက်ထပ် ပထမဦးဆုံးပရော်ဖက်ရှင်နယ်ပွဲဖြစ်လာမှာ ပါ။

ဖိလစ်ပိုင်နိုင်ငံသား ပက်ကွီအိုဟာ ၂၀၂၁ ခုနှစ်မှာ သူ့ရဲ့ နိုင်ငံရေးလောကကို အာရုံစိုက်ရန် လက်ဝှေ့လောက ကနေ အနားယူခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှာ WBC ဝဲလ်တာဝိတ်ချန်ပီယံ မာရီယို ဘာရီယိုစ်နဲ့  ယှဉ်ပြိုင်ရန် လက်ဝှေ့ကွင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီး သရေကျခဲ့ကြပါတယ်။

မေဝဲသနဲ့ပက်ကွီအိုတို့က ၂၀၁၅ ခုနှစ်မေလ ၂ ရက်နေ့မှာ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးကြပြီး မေဝယ်သာက Unanimous decision နဲ့ အနိုင်ရရှိခဲ့ပေမယ့် အဆိုပါရလဒ်နဲ့ပတ်သက်ပြီး တကမ္ဘာလုံးက လက်ဝှေ့ပရိတ်သတ်တွေကြား ဘဝင်မကျဖြစ်ခဲ့ကြပါတယ်။

ဒီတခေါက်ပြန်လည်ယှဉ်ပြိုင်မယ့်ပွဲစဉ်ကို ဘယ်နှစ်ချီ ဒါမှမဟုတ် ဘယ်ဝိတ်တန်းမှာ ယှဉ်ပြိုင်မယ်ဆိုတာ မသိရသေးပါ။

မေဝယ်သာက သူ့ရဲ့ ပရော်ဖက်ရှင်နယ်လက်ဝှေ့ ပွဲ ၅၀ကစားခဲ့ရာ တပွဲမှရှုံးပွဲမရှိဘဲအနိုင်ရရှိထားပြီး ၂၇ ပွဲကို အလဲထိုးနဲ့ အနိုင်ရရှိထားပါတယ်။

ဖီလစ်ပိုင်သား ပက်ကွီယိုကတော့ ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၇၃ ပွဲမှာ ၆၂ ပွဲကိုအနိုင်ရရှိထားပြီး ၈ ပွဲရှုံး ၃ ပွဲ သရေ ရလဒ်ထွက်ပေါ်ထားပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

#Mayweather#Pacquiao#Netflix#လက်ဝှေ့#Zalen

နောက်ဆုံးရသတင်းများ

ဘူးသီးတောင်မှာ AA က ရိုဟင်ဂျာ ရာနဲ့ ချီ သတ်ဖြတ်ခဲ့ကြောင်း HRW ထုတ်ပြန်

မေ ၁၉၊ ၂၀၂၉ Zalen ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဟိုယာဆီရီကျေးရွာမှာ ၂၀၂၄ ခုနှစ်က အာရကန်တပ်တော် (AA) ဟာ လက်နက်မဲ့ ရိုဟင်ဂျာ အရပ်သား ရာနှင့်ချီကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ...

ဆက်ဖတ်ရန်