ကန်ပက်လက်တွင် ဆယ်တန်းဖြေနေစဉ် လူနေအိမ် (၂)လုံးမီးလောင်

ကန်ပက်လက်မြို့ အ.ထ.ကကျောင်းနဲ့ ပေ(၆၀၀)အကွာတွင် မနက် (၁၁)နာရီခွဲခန့်က မီးလောင်သဖြင့် လူနေအိမ် (၂)လုံး မီးလောင်သွားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့ထံမှသတင်းရရှိပါတယ်။

ကန်ပက်လက်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “မီးကတော့ ဝိုင်ယာ shock ဖြစ်လို့လောင်သွားတာပါ။ မီးစလောင်တဲ့အိမ်က ဆရာမနားလှေ့အိမ်ဖြစ်ပြီးတော့ အနားက ဦးနိုင်မနားအိမ်ကို မီးကူးသွားတယ်။ တတိယအိမ်ကို မီးကူးခါနီး ကယ်နိုင်လို့ ၂အိမ်ပဲလောင်သွားတာ။ အခုတော့ မီးညွှန့်ကျိုးသွားပါပြီ။ လူအသေအပျောက်တွေ တိရစ္ဆာန်အသေအပျောက်တွေတော့မရှိဘူး” လို့ပြောပါတယ်။

မီးလောင်သွားတဲ့ လူနေအိမ် (၂)အိမ်စလုံးဟာ ပျဉ်ထောင်အိမ်တွေပဲဖြစ်ပါတယ်။

ကန်ပက်လက်မြို့ အ.ထ.က (ခွဲ)ကျောင်းဆရာမတစ်ဦးက “မီးလောင်တဲ့ချိန်မှာ ကျောင်းသားတွေက စာမေးပွဲဖြေပြီးတော့ တော်တော်များများအခန်းထဲကနေထွက်နေပြီ။ မီးလောင်တာကြောင့် စာမေးပွဲကို ဘာမှမထိခိုက်ဘူး” လို့ပြောပါတယ်။

Zalen ad

(Zawgyi)

ကန္ပက္လက္တြင္ ဆယ္တန္းေျဖေနစဥ္ လူေနအိမ္ (၂)လံုးမီးေလာင္

ကန္ပက္လက္ၿမိဳ႕ အ.ထ.ကေက်ာင္းနဲ႔ ေပ (၆၀၀)အကြာတြင္ မနက္ (၁၁)နာရီခြဲခန္႔က မီးေလာင္သျဖင့္ လူေနအိမ္ (၂)လံုး မီးေလာင္သြားတယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ထံမွသတင္းရရွိပါတယ္။

ကန္ပက္လက္ၿမိဳ႕နယ္ ရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက “မီးကေတာ့ ဝိုင္ယာ shock ျဖစ္လို႔ေလာင္သြားတာပါ။ မီးစေလာင္တဲ့အိမ္က ဆရာမနားေလွ႔အိမ္ျဖစ္ၿပီးေတာ့ အနားက ဦးႏိုင္မနားအိမ္ကို မီးကူးသြားတယ္။ တတိယအိမ္ကို မီးကူးခါနီး ကယ္ႏိုင္လို႔ ၂အိမ္ပဲေလာင္သြားတာ။ အခုေတာ့ မီးညႊန္႔က်ဳိးသြားပါၿပီ။ လူအေသအေပ်ာက္ေတြ တိရစာၦန္အေသအေပ်ာက္ေတြေတာ့မရွိဘူး” လို႔ေျပာပါတယ္။

မီးေလာင္သြားတဲ့ လူေနအိမ္ (၂)အိမ္စလံုးဟာ ပ်ဥ္ေထာင္အိမ္ေတြပဲျဖစ္ပါတယ္။

ကန္ပက္လက္ၿမိဳ႕ အ.ထ.က (ခြဲ)ေက်ာင္းဆရာမတစ္ဦးက “မီးေလာင္တဲ့ခ်ိန္မွာ ေက်ာင္းသားေတြက စာေမးပြဲေျဖၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားအခန္းထဲကေနထြက္ေနၿပီ။ မီးေလာင္တာေၾကာင့္ စာေမးပြဲကို ဘာမွမထိခိုက္ဘူး” လုိ႔ေျပာပါတယ္။

 

နောက်ဆုံးရသတင်းများ

တမူးနယ်မှာ ကျေးရွာကို စွန့်ခွာနေတဲ့ ဒေသခံရွာသားများကို ပြန်လာဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခေါ်ယူ

ဖေဖော်ဝါရီ  ၃၊  ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ရေးအခြေနေကြောင့် ကျေးရွာကိုစွန့်ခွာနေတဲ့ ဒေသခံများကို စစ်ကောင်စီက ကျေးရွာထဲ ပြန်လာနေဖို့ ခြိမ်းခြောက်ခေါ်ယူနေတယ်လို့ ဒေသခံများထံက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တမူးမြို့နယ်အထက်ပိုင်း ကွန်းတောင်းကျေးရွာမှာ တပ်ဆွဲထားတဲ့ ...

ဆက်ဖတ်ရန်