ကန်ပက်လက်မြို့ထွေအုပ်ရုံးနဲ့ ပညာရေးမှူးရုံးတွင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကိုတိုက်ခိုက်ရာ  ၃ ဦး သေဆုံး

အိုက်ခူမီး/၂၇၊ စက်တင်ဘာလ၊ ၂၀၂၃

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့နယ်ပညာရေးမှူးရုံးတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF-ကန်ပက်လက်က တိုက်ခိုက်ရာ (၃) ဦး သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။

ထွေအုပ်ရုံးတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ စက်တင်ဘာ (၂၇) ရက်နေ့၊ နံနက်(၆) နာရီမှ (၁၁) နာရီထိ CDF-ကန်ပက်လက်တပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အလားတူ မြို့နယ်ပညာရေးမှူးရုံးတွင် တပ်စွဲထားတဲ့  စစ်ကောင်စီတပ်ဖွဲ့အား မွန်းလွဲ (၂) နာရီမှ (၃) နာရီ အထိ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမူ ဒဏ်ရာရရှိမူ အတည်မပြုနိုင်သေးဟု ဆိုပါတယ်။ ၎င်းတိုက်ပွဲတွင်း CDF-ကန်ပက်လက်ဘက်က အထိခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်လုပ်လက်နက်ကြီးတိကျမူမရှိခြင်းနဲ့ လက်နက်ကြီးပစ်ကူ၊ Drone ပစ်ကူ မရှိခြင်းကြောင့် ထွေအုပ်ရုံးအား ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းမူ ခွင့်သာပေမယ့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ကန်ပက်လက်မြို့တွင်း စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲတွေဖြစ်ပွားနိုင်တာကြောင့် စစ်ကောင်စီတပ်စခန်းနဲ့ နီးသောနေရာတွေမှာ နေထိုင်ခြင်းမပြုလုပ်ကြဖို့ CDF-ကန်ပက်လက်က အသိပေးထားပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်