ကလေးမြို့ကနေ ရိခေါ်ဒါရ်မြို့ကို ကားသွားလာမှုကို စစ်ကောင်စီ ကန့်သတ်ထား၊ တီးတိန်မြို့က ရိဒ်လမ်းခွဲကို ရဲကင်းနဲ့ ပိတ်ဆို့

၂၀၊ နိုဝင်ဘာ၊ ၂၀၂၃       

Zalen

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ကို စစ်ကိုင်းတိုင်း၊ ကလေး မြို့ကနေ သွားလာတဲ့ ကားတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့အပတ်က စတင်ကာ ပိတ်ပင်ကန့်သတ် ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တီးတိန်မြို့ကနေ ရိခေါ်ဒါရ်မြို့ကို သွားတဲ့ လမ်းခွဲမှာလည်း စစ်ကောင်စီတပ်တွေကို နိုဝင်ဘာ ၁၉ရက်နေ့ကစပြီး ရဲကင်းတွေကို ချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Zalen ad

“ တီးတိန်ကနေ ရိဒ်သွားတဲ့ လမ်းခွဲမှာ သူတို့က သံဇကာတွေ၊ ပေပါပုံးတွေ ချထားတာ။ စစ်သားတွေတော့ မစောင့်ကြပါဘူး။ ကလေးကနေ ရိဒ်ဘက်ကို သွားတဲ့ ကားတွေကို မသွားခိုင်းတော့ဘူး။ အဲ့တော့ ကလေးဘက်က ရိဒ်သွားမယ့်ကားတွေက တက်မလာကြတော့ဘူး။  ” လို့ ဒေသခံတေစ်ဦးက ပြောပါတယ်။

ဒါကြောင့် ယနေ့ နိုဝင်ဘာ ၂၀ ရက်တွင် ကလေးမြို့ကနေ ရိခေါ်ဒါရ်ဘက်သွားတဲ့ ကားများလည်း မထွက်ရဲကြဘူးလို့သိရတယ်။

လက်ရှိ တီးတိန်မြို့မှာ ညပိုင်းအပြင် ထွက်တဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေရှိနေတာကြောင့် ည ၆နာရီနောက်ပိုင်းမှာ ဒေသခံတွေဟာ နေအိမ် အပြင်ဘက်မထွက်ရဲကြတော့ဘူးလို့ ဆိုပါတယ်။

အရင်ပတ် နိုဝင်ဘာ ၁၈ ရက်တွင် တီးတိန်မြို့နယ်၊ ခိုင်ကမ်းဂိတ်မှာ စစ်ကောင်စီတပ်က ရိခေါ်ဒါရ်ကနေဆင်းလာတဲ့ ကားများကိုတားပြီး လူတွေကိုခြေလျင်နဲ့သာ သွားခွင့်ပြုပေမယ့် ကားများကိုတော့ ယနေ့ထိ ထိန်းသိမ်းထားတယ်လို့သိရတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်