ကလေးမြို့တောင်ပိုင်းကို စစ်အုပ်စု လေကြောင်းထပ်မံဗုံးကြဲလို့ တစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရ

၂၀ ဖေဖော်ဝါရီ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်း၊ ဒိုးနွယ်ရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ဒဏ်ရာရသူတွေဟာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားတာမရှိပဲ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဟာ မြို့ပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

“မနက်ပိုင်းမှာ ဗုံးကြဲတာပေါ့၊ လက်နက်ကြီးတွေနဲ့လည်း တောင်ပိုင်းကို ပစ်တယ်။ လေကြောင်းတိုက်ခိုက်လို့ သေတာ တစ်ဦး၊ စစ်ရှောင်သက်ကြီးတစ်ဦးပဲ၊ ဒဏ်ရာရသူကတော့ ခုနှစ်ဦး၊ အဲဒီထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေ ပါတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

‌ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သံဖိုရွာနဲ့ကျော်ရွာ ဒေသခံ ခုနစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်က တင်သား ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ကုက္ကိုလ်ရွာက ဒုက္ခသည်စခန်းကို ဗုံးကြဲခဲ့လို့ အရပ်သား ၁၁ ဦး သေဆုံးခဲ့ပါတယ်။

Mary

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တို့ တိုက်ပွဲဖြစ်

အောက်တိုဘာ ၃၀၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ ချင်းတော်လှန်ရေးတပ်ဘက်က တစ်ဦး ...

ဆက်ဖတ်ရန်