(၇၈) ကြိမ်မြောက်ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကျင်းပသွားမယ်

ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆။
Zalen

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်မည့် (၇၈) ကြိမ်မြောက်ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ချင်းလူမျိုးများအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ အဆိုပါချင်းအမျိုးသားနေ့ကို အိုင်ဇောလ်မြို့၊ ဒူရ်တလန်း ( Durtlang )ရပ်ကွက် ရှိ၊ KV Futsal Ground မှာ ကျင်းပမှာဖြစ်ပြီး ခမ်းနားကြီးကျယ်စွာကျင်းပသွားမယ်လို့ သိရပါတယ်။

အခမ်းအနားကို နှစ်ပိုင်းကျင်းပသွားမှာဖြစ်ပြီး ပထမပိုင်းအဖြစ် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူသွားကြတဲ့ ချင်းသူရဲကောင်းများကို အလေးပြုခြင်း၊ ချင်းခေါင်းဆောင်များမှ အမှာစကားပြောကြားခြင်း၊ အဆိုတော်များမှ သီဆိုဖျော်ဖြေခြင်း၊ ချင်းရိုးရာအကပေါင်းစုံနဲ့ ဖျော်ဖြေခြင်းများဖြင့် ကျင်းပသွားမယ်လို့ သိရပါတယ်။

Zalen ad

ဒုတိယအပိုင်းအနေဖြင့် ချင်းနပန်းလုံးခြင်း၊ ဖက်ရှင်လျှောက်ခြင်း၊ အမျိုးသမီးကြိုးစွဲပြိုင်ပွဲ ၊ ကလေးငယ်များ ရေကူးပြိုင်ပွဲ နဲ့ သီဆိုဖျော်ဖြေခြင်းအခမ်းအနားများဖြင့် ကျင်းပသွားမယ်လို့ သိရပါတယ်။

ချင်းနပန်းလုံးပွဲမှာ ပထမဆု ရရှိသူကိုရူပီး ၂၀,၀၀၀ ချီးမြှင့်သွားမှာဖြစ်ပြီး ဒုတိယဆုရရှိသူကို ရူပီး ၁၅,၀၀၀ ချီးမြှင့် သွားမှာဖြစ်ကာ တဦးချင်း အနိုင်ဆုကြေးလည်း ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

သတင်း – Mickey

#ချင်းအမျိုးသားနေ့#မီဇိုရမ်#Zalen

နောက်ဆုံးရသတင်းများ

အာဖရိကမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် W.H.O က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာ

မေ ၁၈၊ ၂၀၂၆ Zalen အာဖရိကတိုက်က ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတို့မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O.) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် စနေနေ့မှာ အရေးပေါ် သတ်မှတ်ကြေညာလိုက်ပါတယ်။ ကွန်ဂိုနိုင်ငံ ...

ဆက်ဖတ်ရန်