ကလေးမြို့တောင်ပိုင်းတိုက်ပွဲတွင် PDF Kalay တပ်သား(၂)ဦး ကျဆုံး

ကလေးမြို့တောင်ပိုင်း နည်းပညာတက္ကသိုလ်နဲ့ သာယာကုန်းရွာကြားတွင် ယနေ့ ဖေဖော်ဝါရီ ၂ ရက် နေ့လည် ၁၂ နာရီက အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ PDF Kalay တို့ တစ်နာရီကြာတိုက်ပွဲဖြစ်ပွားရာ PDF Kalay တပ်ရင်း (၂)မှ ကိုပြည့်စုံဦး နဲ့ ကိုသူရစိုးတို့ ကျဆုံးသွားတယ်လို့ PDF Kalay ကထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၅ နာရီဝန်းကျင်တွင် ကလေးမြို့မှ စစ်ကား ၇ စီးဟာ တောင်ပိုင်းသို့ထွက်ခွာလာရာ စည်သာရွာနဲ့ နတ်မြောင်းရွာကြားမှာ စစ်ကားတွေရပ်ပြီး ခြေလျင်ဖြင့် နတ်မြောင်းဘက်သို့ ဆက်လက်ထွက်ခွာလာကြပါတယ်။

PDF Kalay တပ်ဖွဲ့က အသင့်တပ်ဆင်ထားတဲ့ မိုင်း ၂၈ လုံးကို ဆက်တိုက် ဖောက်ခွဲရာ စစ်ကောင်စီတပ်သား ၃၀ ခန့်ထိမှန်သွားပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဘေးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မိုင်းထိမှန်တဲ့လူနာတွေကို ကားပေါ်သို့တင်ဆောင်ကာ တောင်ပိုင်းသို့ဆက်လက်ထွက်ခွာကြပါတယ်။

Zalen ad

စစ်ကူဖို့ ကလေးမြို့ကနေ စစ်ကား ၅ စီး တောင်ပိုင်းသို့ထပ်မံထွက်ခွာလာပြီး ကလေးနည်းပညာတက္ကသိုလ်ဝန်းထဲသို့ဝင်ရောက်ပြီးနောက် ခြေလျင်ဖြင့် သာယာကုန်းရွာဘက်သို့ စစ်ကြောင်းဖြန့်ပြီးသွားရာ နေ့လည် ၁၂ နာရီတွင် PDF Kalay တပ်တွေနဲ့တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားတာကြောင့် PDF Kalay တပ်ရင်း (၂)က တပ်သား ၂ ဦး အသက်ပေးဆပ်ကြပါတယ်လို့ PDF Kalayကသတင်းထုတ်ပြန်ထားပါတယ်။

Zawgyi

ကေလးၿမိဳ႕ေတာင္ပိုင္းတိုက္ပြဲတြင္ PDF Kalay တပ္သား(၂)ဦး က်ဆုံး

ကေလးၿမိဳ႕ေတာင္ပိုင္း နည္းပညာတကၠသိုလ္နဲ႔ သာယာကုန္း႐ြာၾကားတြင္ ယေန႔ ေဖေဖာ္ဝါရီ ၂ ရက္ ေန႔လည္ ၁၂ နာရီက အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ PDF Kalay တို႔ တစ္နာရီၾကာတိုက္ပြဲျဖစ္ပြားရာ PDF Kalay တပ္ရင္း (၂)မွ ကိုျပည့္စုံဦး နဲ႔ ကိုသူရစိုးတို႔ က်ဆုံးသြားတယ္လို႔ PDF Kalay ကထုတ္ျပန္ထားပါတယ္။

ျဖစ္စဥ္မွာ ယေန႔နံနက္ ၅ နာရီဝန္းက်င္တြင္ ကေလးၿမိဳ႕မွ စစ္ကား ၇ စီးဟာ ေတာင္ပိုင္းသို႔ထြက္ခြာလာရာ စည္သာ႐ြာနဲ႔ နတ္ေျမာင္း႐ြာၾကားမွာ စစ္ကားေတြရပ္ၿပီး ေျခလ်င္ျဖင့္ နတ္ေျမာင္းဘက္သို႔ ဆက္လက္ထြက္ခြာလာၾကပါတယ္။

PDF Kalay တပ္ဖြဲ႕က အသင့္တပ္ဆင္ထားတဲ့ မိုင္း ၂၈ လုံးကို ဆက္တိုက္ ေဖာက္ခြဲရာ စစ္ေကာင္စီတပ္သား ၃၀ ခန႔္ထိမွန္သြားပါတယ္။ မိုင္းဆြဲတိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္သားေတြဟာ လက္နက္ႀကီး၊ လက္နက္ငယ္နဲ႔ ေဘးပတ္ဝန္းက်င္ကို ရမ္းသမ္းပစ္ခတ္ၾကပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႕ေတြဟာ မိုင္းထိမွန္တဲ့လူနာေတြကို ကားေပၚသို႔တင္ေဆာင္ကာ ေတာင္ပိုင္းသို႔ဆက္လက္ထြက္ခြာၾကပါတယ္။

စစ္ကူဖို႔ ကေလးၿမိဳ႕ကေန စစ္ကား ၅ စီး ေတာင္ပိုင္းသို႔ထပ္မံထြက္ခြာလာၿပီး ကေလးနည္းပညာတကၠသိုလ္ဝန္းထဲသို႔ဝင္ေရာက္ၿပီးေနာက္ ေျခလ်င္ျဖင့္ သာယာကုန္း႐ြာဘက္သို႔ စစ္ေၾကာင္းျဖန႔္ၿပီးသြားရာ ေန႔လည္ ၁၂ နာရီတြင္ PDF Kalay တပ္ေတြနဲ႔တစ္နာရီၾကာ တိုက္ပြဲျဖစ္ပြားတာေၾကာင့္ PDF Kalay တပ္ရင္း (၂)က တပ္သား ၂ ဦး အသက္ေပးဆပ္ၾကပါတယ္လို႔ PDF Kalayကသတင္းထုတ္ျပန္ထားပါတယ္။

 

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်