သမ္မတနေရာ မဟုတ်ရင် လွှတ်တော်ဥက္ကဋ္ဌ နေရာကို ဦးခင်ရီ ရယူဖို့ ပြင်ဆင်နေ

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆
Zalen

မြန်မာနိုင်ငံရဲ့ အာဏာလွှဲပြောင်းမှု အခင်းအကျင်းသစ်မှာ စစ်တပ်ကျောထောက်နောက်ခံပြု USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ သြဇာအာဏာ အကြီးမားဆုံးဖြစ်လာမယ့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရယူဖို့ ရှိနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

နိုင်ငံရေးလေ့လာသူတွေရဲ့ အဆိုအရ လက်ရှိအခင်းအကျင်းမှာ သမ္မတရာထူးဟာ ဂုဏ်ထူးဆောင်သဘောမျိုး ဖြစ်နိုင်ပေမယ့်၊ လွှတ်တော်ဥက္ကဋ္ဌ ရာထူးကတော့ ဥပဒေတွေအတည်ပြုတာ၊ ဘတ်ဂျက်ကိစ္စနဲ့ အစိုးရအဖွဲ့ ခန့်အပ်မှုတွေကို တိုက်ရိုက်ကိုင်တွယ်နိုင်တဲ့အတွက် “အာဏာကို အရှိဆုံး ကျင့်သုံးနိုင်တဲ့နေရာ” ဖြစ်လာမှာပါ။

Zalen ad

ဦးခင်ရီကိုယ်တိုင်ကလည်း သူဟာ လွှတ်တော်ကဏ္ဍကို ဦးဆောင်ရလိမ့်မယ်လို့ ပါတီတွင်းမှာ အရိပ်အမြွက် ပြောဆိုထားပါတယ်။

အသစ်ဖွဲ့စည်းမယ့် ဗဟိုအတိုင်ပင်ခံကောင်စီ (Union Consultative Council) ဆိုတာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ စစ်တပ်အပေါ်ချုပ်ကိုင်မှုကို မလျှော့ချဘဲ သမ္မတရာထူးကို ရယူနိုင်ဖို့ လမ်းခင်းပေးလိုက်တာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ဒီကောင်စီဟာ စစ်ဘက်ရော အရပ်ဘက်ကိုပါ အထက်ကနေ အုပ်ချုပ်မှာ ဖြစ်ပါတယ်။

USDP ပါတီက အမတ်နေရာ ၈၁ ရာခိုင်နှုန်း အနိုင်ရထားတဲ့အပြင် ဒုတိယသမ္မတ ရာထူးတွေကိုလည်း ဗိုလ်ချုပ်မှူးကြီးနဲ့ နီးစပ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ ရယူသွားဖို့ ရှိနေပါတယ်။

ဒါကြောင့် လာမည့်အစိုးရသစ်ဟာ အရပ်ဘက်အမည်ခံထားပေမယ့် စစ်တပ်ကပဲ အလုံးစုံ ဆက်လက်ချုပ်ကိုင်ထားမယ့် ပုံစံမျိုး ဖြစ်နေပါတယ်။

ဦးခင်ရီ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ့်ကိစ္စဟာ စစ်တပ်က နိုင်ငံရေးကို နောက်ကွယ်ကတင်မကဘဲ ဥပဒေပြုရေးလမ်းကြောင်းကနေပါ အပိုင်စီးဖို့ ပြင်ဆင်လိုက်တာဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

ဆလိုင်း

နောက်ဆုံးရသတင်းများ

ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွား

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ အန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံများထံမှသိရပါတယ်။ ဇွန်လ ၇ရက်နေ့ကစပြီး ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းမှာ ...

ဆက်ဖတ်ရန်