ကလေးမြို့တွင်စစ်တပ်ထောက်ခံတဲ့နေအိမ်ကို ပျူစောထီးတွေကဓားမြတိုက်တာကြောင့် ဒကစမှူးမှ ခေါ်ရိုက်

HAK

၂၆၊ စက်တင်ဘာ၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်ရှိ စစ်တပ်ထောက်ခံတဲ့အိမ်တွေကို ပြီးခဲ့တဲ့ အပတ်က ပျူစောထီးအဖွဲ့ဓားမြတိုက်တာကြောင့် ဒကစမှူး အောင်နိုင်ဦးကခေါပြီး ပါးရိုက်ခဲ့တယ်လို့ စစ်တပ်အသိုင်းဝိုင်းထံမှသိရှိရတယ်။

စစ်တပ်နဲ့ရင်းနှီးတဲ့အမည်မဖော်လိုသူတစ်ဦးက ”ညောင်ပင်သာ အမှတ် (၁၁) နားဂိတ်က ပျူတွေ ဟိုနေ့က ဒကစထဲ ခေါ်ပီး အကုန်နီးပါးရိုက်ခံရတယ်။ သေနတ်တွေလည်း သိမ်းခံထားတယ်။ သူတို့လူ အချင်းချင်း အိမ်ကို ဓားပြတိုက်ခံရတာကနေ စခတွေကလာပြီးပျူတွေခေါ်သွားတာ”လို့ပြောပါတယ်။

ဒကစမှူး အောင်နိုင်ဦးနဲ့ ဇနီး

ကလေးမြို့အတွင်း လက်နက်ပြ ဓားပြတိုက်မှုကို ဒကစမှူးကိုယ်တိုင်က ပျူစောထီးတွေကို ခွင့်ပြုထားတယ်လို့လည်းသိရတယ်။

ဒေသခံတစ်ဦးရဲ့ပြောဆိုချက်အရ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဓားပြတိုက်ခံရလို့ အနီးနားရှိကင်းယူထားသည့် စစ်သားတွေကို တိုင်ကြားခဲ့ပေမယ့် ၎င်းစစ်သားက “အဲဒါငါတို့ခွင့်ပြု ထားတာ ငါတို့လူတွေ” လို့ပြောဆိုခဲ့ဖူးကြောင်းလည်းသိရတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်