ကလေးမြို့တွင် ကိုဗစ်လူနာ တစ်ဦးသေဆုံး၊ သေဆုံးသူစုစုပေါင်း (၉)ဦးရှိပြီ

ကလေးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦးကို ဆေးရုံကဆင်းခိုင်းပြီး တစ်ရက်အကြာ ဒီမနက်မှာ သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသူလူနာဟာ နတ်ကြီးကုန်ကျေးရွာအုပ်စု အေးသာယာကျေးရွာက ပထမဆုံးက ကိုဗစ်ပိုးတွေ့လူနာဖြစ်ပါတယ်။ ၎င်းဟာ ဇန်နဝါရီလ (၁၀)ရက်တွင် သတိလစ်ပြီး ပြည်သူ့ဆေးရုံသို့လာရောက်ကုသရာ ကိုဗစ် ပိုးစစ်ဆေးရာမှ Positive တွေ့ပါတယ်။

ကလေးမြိ့ ကိုဗစ်-၁၉ကော်မတီပြောခွင့်ရပုဂ္ဂိုလ် ကိုသန့်စင်က “ဆေးရုံကဆင်းပြီး အိမ်ရောက်မှဆုံးတာ။ သူက အေးသာယာကျေးရွာက ပထမဆုံးတွေ့တဲ့လူနာပါ။ ပထမဆုံး ဆေးရုံကြီးကိုရောက်လာ ကတည်းက သတိလစ်ပြီးရောက်လာတာ။ ရောဂါစစ်တော့ ကိုဗစ်ပိုးတွေ့သွားတယ်။ ဇန်နဝါရီ (၁၀)ရက်ကရောက်လာတယ်။ (၂၁)ရက်နေ့မှာ ဆင်းရုံဆင်းခွင့်ပြုလိုက်တယ်။ သတ်မှတ်ထားတဲ့ အောက်ဆီဂျင်လေရှုနှုန်းတွေ ပုံမှန်ဖြစ်သွားပြီလို့ တိုင်းရင်းဆေးရုံဆင်းခိုင်းတာ။ သူက အသည်းခြောက် ဖြစ်တာ။ အလောင်းကို ကိုဗစ်လုပ်ထုံးလုပ်နည်းနဲ့အညီ သဂြိုလ်မယ်” လို့ပြောပါတယ်။

သေဆုံးသူ ကိုဗစ်လူနာဟာ အသက် (၃၇)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဒီမနက် ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ သေဆုံးသွားပါတယ်။

ကလေးမြို့တွင် ကိုဗစ်သေဆုံးသူလူနာဟာ ကလေးမြို့လိပ်စာနဲ့ (၈)ဦးရှိပြီး တစ်ယောက်က ခိုင်ကမ်းမြို့တွင်နေထိုင်ပြီး ကလေးမြို့တွင် ကုသရင်းသေဆုံးခဲ့တာဖြစ်ပါတယ်။

(Zawgyi)

ကေလးၿမိဳ႕တြင္ ကိုဗစ္လူနာ တစ္ဦးေသဆံုး၊ ေသဆံုးသူစုစုေပါင္း (၉)ဦးရွိၿပီ

ကေလးၿမိဳ႕တြင္ ကိုဗစ္-၁၉ ပိုးေတြ႔လူနာတစ္ဦးကို ေဆးရံုကဆင္းခုိင္းၿပီး တစ္ရက္အၾကာ ဒီမနက္မွာ ေသဆံုးသြားတယ္လို႔ သတင္းရရွိပါတယ္။

ေသဆံုးသူလူနာဟာ နတ္ၾကီးကုန္ေက်းရြာအုပ္စု ေအးသာယာေက်းရြာက ပထမဆံုးက ကိုဗစ္ပိုးေတြ႔လူနာျဖစ္ပါတယ္။ ၄င္းဟာ ဇန္နဝါရီလ (၁၀)ရက္တြင္ သတိလစ္ၿပီး ျပည္သူ႔ေဆးရံုသို႔လာေရာက္ကုသရာ ကိုဗစ္ ပိုးစစ္ေဆးရာမွ Positive ေတြ႔ပါတယ္။

ကေလးၿမိ႕ ကိုဗစ္-၁၉ေကာ္မတီေျပာခြင့္ရပုဂၢိဳလ္ ကိုသန္႔စင္က “ေဆးရံုကဆင္းၿပီး အိမ္ေရာက္မွဆံုးတာ။ သူက ေအးသာယာေက်းရြာက ပထမဆံုးေတြ႔တဲ့လူနာပါ။ ပထမဆံုး ေဆးရံုၾကီးကိုေရာက္လာ ကတည္းက သတိလစ္ၿပီးေရာက္လာတာ။ ေရာဂါစစ္ေတာ့ ကိုဗစ္ပိုးေတြ႔သြားတယ္။ ဇန္နဝါရီ (၁၀)ရက္ကေရာက္လာတယ္။ (၂၁)ရက္ေန႔မွာ ဆင္းရံုဆင္းခြင့္ျပဳလိုက္တယ္။ သတ္မွတ္ထားတဲ့ ေအာက္ဆီဂ်င္ေလရႈႏႈန္းေတြ ပံုမွန္ျဖစ္သြားၿပီလို႔ တိုင္းရင္းေဆးရံုဆင္းခိုင္းတာ။ သူက အသည္းေျခာက္ ျဖစ္တာ။ အေလာင္းကို ကိုဗစ္လုပ္ထံုးလုပ္နည္းနဲ႔အညီ သၿဂိဳလ္မယ္” လို႔ေျပာပါတယ္။

ေသဆံုးသူ ကိုဗစ္လူနာဟာ အသက္ (၃၇)ႏွစ္အရြယ္ အမ်ဳိးသားျဖစ္ၿပီး ဒီမနက္ ၁၀ နာရီနဲ႔ ၁၁ နာရီၾကားမွာ ေသဆံုးသြားပါတယ္။

ကေလးၿမိဳ႕တြင္ ကိုဗစ္ေသဆံုးသူလူနာဟာ ကေလးၿမိဳ႕လိပ္စာနဲ႔ (၈)ဦးရွိၿပီး တစ္ေယာက္က ခုိင္ကမ္းၿမိဳ႕တြင္ေနထုိင္ၿပီး ကေလးၿမိဳ႕တြင္ ကုသရင္းေသဆံုးခဲ့တာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ငဖဲမြို့နယ်မှာ ချင်းအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

မတ်လ ၇ရက်၊ ၂၀၂၅ ခုနှစ် Zalen မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာမှ ချင်းအမျိုးသမီးနှစ်ဦးကို ဒီနေ့ မတ်လ ၇ ရက်နေ့၊ ညနေ ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ...

ဆက်ဖတ်ရန်