ကလေးမြို့တွင် စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ရာ စကစ ၁၇ ဦးသေဆုံး၊ မိုင်းမတော်တဆမှုကြောင့် PDF (Kalay) က ၁ ဦးကျဆုံး

မတ်လ ၂၀ ရက် ယနေ့နံနက်ပိုင်းတွင် ရေစိုကျေးရွာနှင့် ဟားခါးလေးကျေးရွာ၏ မြောက်ဘက်တောင်ကျောအတွင်း စစ်ကြောင်းလျှောက်ဝင်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲများကို အသင့်နေရာယူစောင့်ဆိုင်းနေသည့် PDF (Kalay), Zomi PDF နှင့် CNDF ပူးပေါင်းတပ်ဖွဲများက နံနက် ၇ နာရီတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပါသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် အနည်းဆုံး ၁၅ ဦးခန့်သေဆုံးပြီး ပူးပေါင်းတပ်ဖွဲများဘက်မှ PDF (Kalay) တပ်ဖွဲဝင် ၁ ဦး ထိခိုက် ဒါဏ်ရာရရှိခဲ့ပါသည် (မစိုးရိမ်ရပါ) ။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် နံနက်ပိုင်းတိုက်ပွဲဖြစ်ပွားရာနေရာမှ ချောင်းခွကျေးရွာဘက်သို ဆုတ်ခွာသွားခဲ့ပြီး၊ ထိုမှတဆင့် အောင်ချမ်းသာကျေးရွာဘက်သို ဦးတည်၍ ဆက်လက်ဆုတ်ခွာနေစဉ် နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် အောင်ချမ်းသာကျေးရွာ၏ အရှေ့တောင်ဘက် တောတန်းအတွင်း PDF (Kalay)၊ CNDF နှင့် CDF (KKG) ပူးပေါင်းတပ်ဖွဲများက ထပ်မံ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့် တိုက်ပွဲပြင်းထန်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် အနည်းဆုံး ၂ ဦး ထပ်မံသေဆုံးကြောင်း သိရပါသည်။

ယနေ့တိုက်ပွဲများအတွင်း ပူးပေါင်းတပ်ဖွဲများဘက်မှ အကျအဆုံးမရှိခဲ့သော်လည်း ယမန်နေ့ မတ်လ ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ရင်ဆိုင်ခုခံရန် ပြင်ဆင်နေစဉ် မိုင်းမတော်မဆမှုဖြစ်၍ PDF (Kalay) တပ်ဖွဲဝင် ၁ ဦး အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် အင်အား ၁၀၀ ကျော်ဖြင့် လွန်ခဲ့သော မတ်လ ၁၈ ရက် နံနက်ပိုင်းမှ စတင်၍ ဟဲလုပ်ကျေးရွာနှင့် ခွေကြိမ်ကျေးရွာအကြားမှ အနောက်ဘက်တောင်ကျောပေါ်သို စစ်ကြောင်းထိုးလာခဲ့ပြီး မတ်လ ၁၉ ရက်နေ့တွင် မြောက်ဘက်သို ဦးတည်ရွေ့လျားကာ ကလေးမြိုနယ်နှင့် ဖလမ်းမြိုနယ်အစပ် ပန်းမွန်ချောင်းကျေးရွာနှင့် ရေစိုကျေးရွာများဘက်သို ဆက်လက်ဦးတည်လာခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် မွန်းလွဲပိုင်းတွင် ရန်ကြီးအောင်ကျေးရွာဘက်သို ဆက်လက်ဦးတည် ရွေ့လျားသွားကြောင်း သိရပါသည်။

လွန်ခဲ့သော မတ်လ ၁၇ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် ချောင်းခွကျေးရွာနှင့် အောင်ချမ်းသာကျေးရွာအကြားတွင် ၎င်းတို၏ စစ်ကြောင်းအချင်းချင်း မှားယွင်းပစ်ခတ်မိပြီး ၇ ဦး ထပ်မံသေဆုံးခဲ့ကြောင်းကိုလည်း သိရပါသည်။

Zawgyi

ကေလးၿမိဳ႕တြင္ စစ္ေကာင္စီနဲ႔ ေဒသကာကြယ္ေရးပူးေပါင္းတပ္တုိ႔တုိက္ပြဲျဖစ္ရာ စကစ ၁၇ ဦးေသဆံုး၊ မိုင္းမေတာ္တဆမႈေၾကာင့္ PDF (Kalay) က ၁ ဦးက်ဆံုး

မတ္လ ၂၀ ရက္ ယေန႔နံနက္ပိုင္းတြင္ ေရစိုေက်း႐ြာႏွင့္ ဟားခါးေလးေက်း႐ြာ၏ ေျမာက္ဘက္ေတာင္ေက်ာအတြင္း စစ္ေၾကာင္းေလွ်ာက္ဝင္လာေသာ အၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲမ်ားကို အသင့္ေနရာယူေစာင့္ဆိုင္းေနသည့္ PDF (Kalay), Zomi PDF ႏွင့္ CNDF ပူးေပါင္းတပ္ဖြဲမ်ားက နံနက္ ၇ နာရီတြင္ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး နံနက္ ၉ နာရီအထိ တိုက္ပြဲ ျပင္းထန္ခဲ့ပါသည္။ တိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲဝင္ အနည္းဆုံး ၁၅ ဦးခန႔္ေသဆုံးၿပီး ပူးေပါင္းတပ္ဖြဲမ်ားဘက္မွ PDF (Kalay) တပ္ဖြဲဝင္ ၁ ဦး ထိခိုက္ ဒါဏ္ရာရရွိခဲ့ပါသည္ (မစိုးရိမ္ရပါ) ။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားသည္ နံနက္ပိုင္းတိုက္ပြဲျဖစ္ပြားရာေနရာမွ ေခ်ာင္းခြေက်း႐ြာဘက္သို ဆုတ္ခြာသြားခဲ့ၿပီး၊ ထိုမွတဆင့္ ေအာင္ခ်မ္းသာေက်း႐ြာဘက္သို ဦးတည္၍ ဆက္လက္ဆုတ္ခြာေနစဥ္ နံနက္ ၁၁ နာရီခြဲ အခ်ိန္ခန႔္တြင္ ေအာင္ခ်မ္းသာေက်း႐ြာ၏ အေရွ႕ေတာင္ဘက္ ေတာတန္းအတြင္း PDF (Kalay)၊ CNDF ႏွင့္ CDF (KKG) ပူးေပါင္းတပ္ဖြဲမ်ားက ထပ္မံ၍ ၾကားျဖတ္တိုက္ခိုက္ခဲ့ၿပီး နာရီဝက္ခန႔္ တိုက္ပြဲျပင္းထန္ခဲ့ကာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲဝင္ အနည္းဆုံး ၂ ဦး ထပ္မံေသဆုံးေၾကာင္း သိရပါသည္။

ယေန႔တိုက္ပြဲမ်ားအတြင္း ပူးေပါင္းတပ္ဖြဲမ်ားဘက္မွ အက်အဆုံးမရွိခဲ့ေသာ္လည္း ယမန္ေန႔ မတ္လ ၁၉ ရက္ေန႔တြင္ အၾကမ္းဖက္စစ္ေကာင္စီ စစ္ေၾကာင္းကို ရင္ဆိုင္ခုခံရန္ ျပင္ဆင္ေနစဥ္ မိုင္းမေတာ္မဆမႈျဖစ္၍ PDF (Kalay) တပ္ဖြဲဝင္ ၁ ဦး အသက္ေပးဆပ္ စြန႔္လႊတ္ခဲ့ရပါသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားသည္ အင္အား ၁၀၀ ေက်ာ္ျဖင့္ လြန္ခဲ့ေသာ မတ္လ ၁၈ ရက္ နံနက္ပိုင္းမွ စတင္၍ ဟဲလုပ္ေက်း႐ြာႏွင့္ ေခြႀကိမ္ေက်း႐ြာအၾကားမွ အေနာက္ဘက္ေတာင္ေက်ာေပၚသို စစ္ေၾကာင္းထိုးလာခဲ့ၿပီး မတ္လ ၁၉ ရက္ေန႔တြင္ ေျမာက္ဘက္သို ဦးတည္ေ႐ြ႕လ်ားကာ ကေလးၿမိဳနယ္ႏွင့္ ဖလမ္းၿမိဳနယ္အစပ္ ပန္းမြန္ေခ်ာင္းေက်း႐ြာႏွင့္ ေရစိုေက်း႐ြာမ်ားဘက္သို ဆက္လက္ဦးတည္လာခဲ့ပါသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားသည္ မြန္းလြဲပိုင္းတြင္ ရန္ႀကီးေအာင္ေက်း႐ြာဘက္သို ဆက္လက္ဦးတည္ ေ႐ြ႕လ်ားသြားေၾကာင္း သိရပါသည္။

လြန္ခဲ့ေသာ မတ္လ ၁၇ ရက္ေန႔ကလည္း အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားသည္ ေခ်ာင္းခြေက်း႐ြာႏွင့္ ေအာင္ခ်မ္းသာေက်း႐ြာအၾကားတြင္ ၎တို၏ စစ္ေၾကာင္းအခ်င္းခ်င္း မွားယြင္းပစ္ခတ္မိၿပီး ၇ ဦး ထပ္မံေသဆုံးခဲ့ေၾကာင္းကိုလည္း သိရပါသည္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်