ကလေးမြို့တွင် အကြမ်းဖက်စစ်တပ်က သိန်း (၉၀)ကျော် ပစ္စည်းတွေ ဓားပြတိုက်လုယူသွား

အကြမ်းဖက်စစ်တပ်က မနေ့ (ဧပြီ ၇)က တာဟန်းသပိတ်ခံတပ်ဖြိုခွဲစဉ် ငွေသား (၉၃)သိန်း၊ ဆိုင်ကယ် ၂ စီးနဲ့ တခြားပစ္စည်းတွေ ဓားပြတိုက်လုယူသွားတယ်လို့ သတင်းရရှိပါတယ်။

မွန်းလိုင်ကြို့သုံးပင်ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက “လမ်းမဘေးက ဆန်ရောင်းတဲ့ဆိုင်ကနေ သိန်း ၇၀ ယူသွားကြတယ်။ ဆိုင်ရှင် လင်မယားကို ကြိုးနဲ့တုတ်ပြီး ဓားပြတိုက်သွားတာ။ တခြားအိမ်မှာ စစ်သားတွေဝင်ပြီးသူက ရေချိုးခန်းထဲဝင်ပုန်းတာ။ အိမ်ထဲကနေ စစ်သားတွေထွက်တဲ့ချိန်မှာ လမ်းပေါ်ရောက်ကြပြီလို့ထင်တာနဲ့ တံခါးသွားဖွင့်တာအသံကြားလို့ လှေခါးရင်းမှာပုန်းနေတဲ့စစ်သားက အိမ်ထဲဝင်လာပြီး အိတ်ထဲက ငွေသား ၂ သိန်းယူသွားတယ်။ ဘဏ်စာအုပ်တော့ ပြန်ပေးတယ်တဲ့” လို့ပြောပါတယ်။

တောင်ဖီလာရပ်ကွက်တွင်နေထိုင်တဲ့သူတစ်ဦးက အိမ်ဘေးက ဓာတ်ပုံဆိုင်ကိုသော့ဖျက်ပြီးဝင်ကြတာ ဘာမှမရှိလို့ပြန်ထွက်သွားတယ်။ ဘေးက ဖုန်းဆိုင်တံခါးဖျက်ဖို့ကြိုးစားပေမယ့် မဖျက်နိုင်လို့လက်လျော့ကြတယ်လို့ပြောပါတယ်။

ကြို့သုံးပင်ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက “ည၁၀ နဲ့ ၁၁နာရီ ကြားမှာ စစ်ခွေးတွေက အိမ်ကို လာမွေသွားလို့ စုဗူးအသေးထဲမှာ ငွေ ကျပ် ၂သိန်းကျော်နဲ့ Box ကြီးထဲက ၁၂သိန်းကျော်အားလုံး ပေါင်း ငွေသား ၁၅ သိန်းကျော် ယူသွားကြတယ်။ ခု ဆို ကျွန်တော် နဲ့ သမီးလေး က ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေပါတယ်။ သားဖနှစ်ယောက် လုံး ဈေးသွားဖို့တောင် တပြားမှ မရှိတော့ဘူး” လို့ပြောပါတယ်။

ယင်းတို့ အိမ်ဘေးကလည်း ငွေသား ၆ သိန်းလုယူသွားကြပါတယ်။

စမ်းမြို့ရပ်ကွက် ဟေမာန်သစ် ကွမ်းယာဆိုင်ထဲဝင်ကာ 125 ဆိုင်ကယ် တစ်စီး၊ Ray ဆိုင်ကယ်တစ် စီးအပြင် One Tea နို့ဆီတစ်ကဒ် 12 ဗူး၊ ကွမ်းပေါင်း 3 ကဒ်၊ Rubby 1 ကဒ်၊ ခိုင်နီး 1 ကဒ်၊အားသွင်းကြိုးပါ ဖုန်း တစ်လုံး၊ နှစ်ရာတန်အကြွေများ တစ်သောင်းဝန်းကျင် နဲ့မီးသီး နှစ်လုံးဖြုတ်ယူသွားတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက လမ်းတွေပိတ်ထားလို့ ကလေးမြို့နယ်က စစ်ရှောင်တွေ အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၂၂၊ ၂၀၂၅Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ကလေးမြို့ပေါ်နဲ့ ကျေးရွာတွေကို ဆက်သွယ်ထားတဲ့လမ်းမကြီးတွေကို ပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလကတည်းက အင်အားသုံးပြီး ကလေးတောင်ပိုင်းနဲ့ မြောက်ပိုင်းက ...

ဆက်ဖတ်ရန်