ကလေးမြို့တွင် အမည်မသိ ပိုင်ရှင်မဲ့ အလောင်း ၂ လောင်း ကောက်ရ

ကလေးမြို့၊ အောင်မရင်္ဂလာရပ်ကွက် ပေါ်လာမြောင်းထဲတွင် ဒီနေ့ (မေ ၁၅)တွင်အမည်မသိ ပိုင်ရှင်မဲ့ အမျိုးသား အလောင်း ၂ လောင်းကောက်ရတယ်လို့ Chinlung Today ကဖော်ပြထားပါတယ်။

ရပ်ကွက်နေပြည်သူတစ်ဦးက “အလောင်းတွေက ဦးခေါင်းနဲ့ ရင်အုံမှာ ဓားဒဏ်ရာတွေရှိတယ်။ သေဆုံးတာက ၂ ရက်ကနေ ၃ ရက်လောက်ကြာမယ့်ပုံပေါ်တယ်။ တော်တော်လေး ပျက်စီးနေတော့ ဒီညနေ ၄ နာရီမှာ ဒိုးဝိုင်းချောင်းသုဿာန်မှာ ကာယကံမေတ္တာနာရေးကူညီမှုအသင်းတွေက သဂြိုလ်လိုက်တယ်။ ဘယ်သူဘယ်ဝါလဲဆိုတာမသိရသေးဘူး။ သူတို့ဆွေမျိုးသားချင်းတွေလည်း မသိရသေးဘူး” လို့ပြောပါတယ်။

အလောင်း ၂ လောင်းဟာ အသက် (၄၀) အရွယ် နဲ့ အသက် (၂၀) အရွယ်လောက်ရှိမယ်လို့ ခန့်မှန်းကြတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မတ်လ ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုတရားစွဲဆိုမှု စတင်

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ Zalen မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ၇ ဒဿမ ၇နှင့် ၇ ဒဿမ ၅ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းသော ...

ဆက်ဖတ်ရန်