ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

၄ နိုဝင်ဘာ၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်း၊ မြစ်သာမြစ်အရှေ့ဘက်ကမ်း၊ ဥယျာဥ်ရွာကို နိုဝင်ဘာ ၃ရက်နေ့ ညပိုင်းလောက်မှာ စစ်ကောင်စီက ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်ကလေးတောင်ပိုင်း၊ဥယျာဥ်ကျေးရွာနေ၊ အသက်၃၀ အရွယ် ကလေးနှစ်ယောက်မိခင် ဒေါ်ပူးလေး ရဲ့ ဝမ်းဗိုက်ကို လက်နက်ကြီးထိမှန်ကာ ဗိုက်ပွင့်သေဆုံးသွားခဲ့ပါတယ်။ ၄င်းတို့ရွာရှိ နွားတစ်ကောင်နဲ့မြင်းတစ်ကောင်လည်း လကနက််ကြီးထိမှန်သေဆုံးခဲ့ပြီး ကြက်နှစ်ကောင် ခေါင်းပြတ်သေဆုံးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“မနေ့ညက ဆိုးဆိုးဝါးဝါးကိုလက်နက်ကြီးထုနေတာ။ ထိုမာရွာမြောက်ဘက် ရွာစပ် ၁ ချက်၊ ရွာမြောက်ဘက်ခပ်လှမ်းလှမ်းက ၂ချက်၊ဥယျာဉ်ရွာကို ၂ချက်၊ အင်းကျော်ရွာ ၂ချက် ကျတယ်။ တောင်အူပြင်သာကလည်း ထုတယ်ကြားတယ်။ မြို့ပေါ်ကအသိတွေမေးကြည့်တော့ မြို့ပေါ်အမြောက်တပ်ကနေထုတာလို့သိရတယ်ဗျ။” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

ကလေးမြို့နယ်မှာ ယမန်နေ့ နိုဝင်ဘာ ၃ရက်နေ့ကစလို့ ကလေးဒေသကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ နေရာပေါင်းစုံကနေ ရုတ်တရက် ထိုးစစ်ဆင်ခဲ့ကြတဲ့အတွက် ပြာယာခတ်သွားတဲ့စစ်ကောင်စီတပ်ဟာ အမြောက်တပ်ကနေ လက်နက်ကြီးပစ်ကူ တရစပ်ပေးခဲ့ပြီး ရမ်းသမ်းပစ်နေတာဖြစ်ပါတယ်။

ဒေမီယံ

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်