ကလေးမြို့နယ်၊ ရှားဘိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ မိသားစုဝင် လေးဦးသေဆုံး

ဒေမီယံ/ ၂၈၊ စက်တင်ဘာ၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ အောင်သာယာရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ လက်ဝေခံပျူစောထီးတပ်တွေက စက်တင်ဘာ ၂၇ရက်နေ့၌ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရှားဘိုရွာသားမိသားစုဝင် လေးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ရှားဘိုရွာ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲလို့  အမျိုးသမီး သုံးဦးနဲ့ ဆယ်ကျော်သက်အရွယ် ယောကျ်ားလေး တစ်ဦးသေဆုံးတယ်လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ပုံစာ – ရှားဘိုရွာမှ လက်နက်ကြီးကြောင့်ပျက်စီးသွားတဲ့ သေဆုံးသူတို့နေအိမ်

“သေသွားတာ ညီအစ်မရင်း ၃ယောက်ပါ။ အကြီးမရဲ့ ဆယ်ကျော်သက်အရွယ် သားလေးလည်း ပါတယ်။ အောင်သာယာရွာကနေ လှမ်းထုတာဗျ။ သေသွားတဲ့ညီအစ်မတို့အိမ်လည်း စုတ်ပြတ်သတ်သွားပါတယ်” လို့ ရှားဘိုရွာသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၆ရက်နေ့မှာ ကြံသာရွာကနေ အောင်သာယာရွာကိုအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာချိန် စက်တင်ဘာ ၂၆ရက်နဲ့ ၂၇ ရက်၊ နှစ်ရက်လုံးကာကွယ်ရေးပူးပေါင်းတပ်များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF-KKG မှ တပ်သား အောင်ကျော်သူ၊ ကလေးမြို့နယ်ပကဖ အဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးကာ စစ်ကောင်စီဖက်မှ အများအပြားထိခိုက်မှုရှိတယ်လို့ CDF-KKG က စက်တင်ဘာ ၂၇ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်