ကလေးမြို့နဲ့ ဂန့်ဂေါနယ်တွင် ဆောက်လုပ်ရေးပစ္စည်းအချို့သယ်ဆောာင်ခွင့်ပိတ်

ကလေးမြို့နယ်နဲ့ ဂန့်ဂေါမြို့သို့ ပြေးဆွဲတဲ့ မော်တော်ယာဉ်များတွင် ဘိလပ်မြေ၊ခြံစည်းရုံးကာ သွပ်ဆူးကြိုးလိပ်၊ ပလိပ်ဒါးသွပ်ဆူးကြိုးများ တင်ဆောင်ခြင်းကို ယနေ့ မေ ၁၀ ရက်ကစပြီး သယ်ဆောင်ခွင့်ပိတ်တယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။

ယင်းပစ္စည်းများဟာ အာဏာသိမ်းစစ်ကောင်စီ အထိုင်ချတဲ့စခန်းများအသုံးပြုရန်အတွက် အမြောက်အများရောက်ရှိနေ တာကြောင့်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

မေတ္တာရပ်ခံချက် /ညွှန်ကြားချက် /ထုတ်ပြန်ချက်တို့အား လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ပါက တော်လှန်ရေးအဖွဲ့အစည်းများမှ အရေးယူခြင်းများနောက်ဆက်တွဲပြုလုပ်မှုရှိလာမည်ကိုကြိုတင်အသိပေးအပ်ပါတယ်လို့သတိပေးစာထုတ်လိုက်ပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်