ကလေးမြို့မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေဖမ်းဆီးခံနေရ

၁၈၊ အောက်တိုဘာ၊ ၂၀၂၄

Zalen

စစ်ကိုင်တိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့အတွက် တပ်လေ့ကျင့်‌ရေး‌ကျောင်း ပို့ဆောင်ခံ နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ ဒီနေ့ညနေပိုင်းမှာလည်း ဆိုင်ကယ်စီးလာတဲ့လူငယ် သုံးဦးကို ရဲတွေက တားမြစ် စစ်ဆေးခဲ့ပြီး ဖမ်းဆီးသွားတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။

” ဆိုင်ကယ်ကို နှစ်ယောက်ထက်ပိုစီးရင် တားပြီးဖမ်းတယ်။ အသက်မပြည့်တဲ့သူ‌ တွေဆို အရင်က ထိုင်ထ လုပ်ခိုင်းတယ်။ အသက်ပြည့်ပြီးတဲ့သူ‌တွေဆို ပိုက်ဆံပေးရတယ်။ အခုမရတော့ဘူး၊ အသက်မပြည့်တဲ့သူတွေဆို ပိုက်ဆံပေးရင် ပြန်လွှတ်တယ်။ အသက်ပြည့်ပြီးတဲ့သူတွေက စခန်းကြီးဘက်ကို ပို့လိုက်တယ်။ အခုညနေမှာက ၁၈၊ ၁၉ အရွယ်လေးတွေ ယောက်ျားလေး သုံးယောက်မောင်းလာကြတယ်။ နှင်းသက်သက်ဝေဆိုင် နားက တံတားထိပ်မှာလေ၊ ရဲတွေက သူတို့ကို စကားပြောပြီး ခေါ်သွားတာ၊ စခန်းကြီးဘက်ကိုလေ။ ” လို့ ကလေးဒေသခံတစ်ဦးက ပြောပါတယ်။

‌အောက်တိုဘာ ၁၇ ရက်နေ့မှာ လူငယ် ခြောက်ဦး ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မနေ့က သီးတင်းကျွတ်လပြည့်နေ့ ဖြစ်ဝာာကြောင့် လူ အသွားအလာများ‌ချိန်မှာ မြို့ပတ်လမ်းအပါအ၀င် လမ်းကြိုလမ်းကြားတွေကိုပါ စောင့်ဆိုင်း ဖမ်ဆီးခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာလ နောက်ဆုံးပတ်ကစလို့ ကလေးမြို့နဲ့အနီးတစ်၀ိုက်မှာ လူငယ်တွေကို ဖမ်းဆီးစုဆောင်းနေတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ ကျပ်သိန်း ၂၀ ကနေ ၄၀ အထိ ငွေကြေးပေးပြီး ပြန်လည်ရွေးယူတာကြောင့် ပြန်လွတ်လာတဲ့ လူငယ်တချို့ရှိပေမဲ့ အများစုက စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်သွားခံရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) အတွက် ဒေသခံ လူငယ် အယောက် နှစ်ဆယ်၀န်းကျင် လူသစ်စုဆောင်းခံထားရပြီး ကလေးမြို့ စခန်းကြီးကျေးရွာအနီးရှိ အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ခေါ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အမ်းမှာ အေအေ ဖမ်းဆီးသွားတဲ့ ချင်းလူငယ် ၂၇ ဦး တစ်လကြာထိ ပြန်မလွတ်ပေးသေး

အောက်တိုဘာလ ၁၈ရက်၊၂၀၂၄။ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အာရက္ခတပ်တော် (အေအေ)က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ချင်းလူငယ် ၂၇ဦး တစ်လကြာထိ ပြန်မလွတ်ပေးသေးဘဲ အဆက်သွယ်ပြတ်နေတယ်လို့ ၎င်းတို့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ အဲ့ဒီ ဖမ်းဆီးခံရတဲ့ ချင်းလူငယ်တွေဟာ မြေပုံမြို့နယ် ကျေးရွာ ...

ဆက်ဖတ်ရန်