ကလေးမြို့မှာ ဗုဒ္ဓဟူးနေ့တိုင်း ယာဉ်သွားလာခွင့် လုံးဝပိတ်၊ ကျန်ရက်တွေမှာ စုံ/မ စနစ်နဲ့ စစ်ဆေးနေ

ဧပြီ ၁၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့ထဲမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကို မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေ လုံးဝ သွားလာခွင့်မရှိတဲ့နေ့အဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ရက်တွေမှာလည်း “စုံ/မ” စနစ် နဲ့ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေးမြို့ပေါ်က လမ်းဆုံ လမ်းခွတွေအပြင် လူအသွားအလာများတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးမှုတွေ လုပ်နေပြီး ဗုဒ္ဓဟူးနေ့တွေမှာ ဘယ်ယာဉ်နံပါတ်မျိုးမဆို အပြင်မထွက်ဖို့နဲ့ ထွက်ရင် အရေးယူခံရမယ့် အခြေအနေရှိနေပါတယ်။

” အမှန်တော့ ဗုဒ္ဓဟူးနေ့ကို ၀န်ထမ်းတွေအတွက် Work For Home ပဲ ကြေညာထားတာလေ၊ အိမ်အပြင်မထွက်ရလို့ ကြေညာထားတာ မဟုတ်ဘူး‌။ ကလေးမြို့မှာက ဗုဒ္ဓဟူးနေ့ဆို ဆိုင်ကယ်တွေကားတွေ အိမ်ပြင်ထွက်ရင် ဖမ်းမယ်လို့ ပြောတယ်။ မြို့ပေါ်မှာ ယာဉ်အသွားအလာက မရှိသလောက် ဖြစ်နေပါတယ်။ စုံ ရက်မှာ မ ယာဉ်တွေ ထွက်ရင်လည်း ဒီနေ့က စပြီး ဖမ်းမယ်လို့ ပြောတယ်။ အခု လက်ရှိမှာ စစ်သားတွေ လမ်းမပေါ်တွေမှာ အများကြီးပဲ တွေ့နေရတယ်။ ” လို့ ဒေသခံတဦးက ပြောပါတယ်။

Zalen ad

စစ်ကောင်စီက စက်သုံးဆီ အကြပ်အတည်းကို လျော့ချဖို့ဆိုပြီး ယာဉ်နံပါတ်ရဲ့ နောက်ဆုံးဂဏန်းက ၀၊ ၂၊ ၄၊ ၆၊ ၈ ဖြစ်ရင် “စုံ” ရက် မှာ၊ နောက်ဆုံးဂဏန်းက (၁၊ ၃၊ ၅၊ ၇၊ ၉) ဖြစ်ရင်တော့ “မ” ရက် တွေမှာပဲ အပြင်ကို သွားလာဖို့ ကန့်သတ်ထားပါတယ်။

ရှေ့အက္ခရာနှစ်လုံးပါတဲ့ ယာဉ်နံပါတ်အသစ်တွေ (ဥပမာ – 2B-4567) ဆိုရင်တော့ အရှေ့ဆုံးဂဏန်းကို ကြည့်ပြီး စုံ/မ ခွဲခြားရမှာ ဖြစ်ပါတယ်။

စက်သုံးဆီ အကြပ်အတည်းကို ဖြေရှင်းဖို့ ဆီကို အကန့်အသတ်ရောင်းချမှုတွေ ပြုလုပ်နေပေမယ့် ဆီဈေးတွေလည်း ဆက်တိုက် တက်နေပါတယ်။

Mary

ဓာတ်ပုံ- Ai

#ကလေးမြို့#ဗုဒ္ဓဟူးနေ့#ယာဉ်သွားလာခွင့်#လုံးဝပိတ်#Zalen

နောက်ဆုံးရသတင်းများ

အမေရိကန်အစိုးရက အန္တရာယ်နည်းတဲ့ (Non-high-risk countries) နိုင်ငံတွေက နိုင်ငံရေး ခိုလှုံခွင့် (Asylum) လျှောက်ထားမှုကို ပြန်လည်စိစစ်မယ်

ဧပြီ ၁၊ ၂၀၂၆ Zalen အမေရိကန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဝန်ဆောင်မှုဌာန (USCIS) က ယာယီရပ်ဆိုင်းထားတဲ့ နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားမှု လုပ်ငန်းစဉ်အချို့ကို ပြန်လည်စတင် စိစစ်တော့မယ့်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၃၀ ...

ဆက်ဖတ်ရန်