ကလေးမြို့မှာ မီတာမဆောင်ရင် မီးဖြတ်မယ်လို့ စစ်ကောင်စီခြိမ်း‌ခြောက်

ချစ်ခြင်းနွေ/ ၆၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ကလေးမြို့မှာ စစ်ကောင်စီတပ်သားတွေဟာ လုံခြုံအပြည့်နဲ့ ရပ်ကွက်ထဲနေအိမ်တွေကို မီတာဆောင်ဖို့ တစ်အိမ်တက်ဆင်း လိုက်လံ သတိပေးနေပြီ မီတာခမဆောင်ပါက မီးဖြတ်မယ်လို့ ခြိမ်းခြောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အခု အောက်တိုဘာလဆန်းပိုင်းလောက်စပြီး မီတာခဆောင်ဖို့ တာဟန်းရပ်ကွက်နေအိမ်တွေနဲ့ ကြို့သုံးပင်ရပ်ကွက်က နေအိမ်တွေ လိုက်လံသတိပေးတာလို့ ဒေသခံတွေက ဆိုပါတယ်။

Zalen ad

” ဒီရက်ပိုင်းကပဲ မီတာဆောင်ဖို့ လာပြောတာ။ စစ်သားတွေနဲ့လာကြတာ။ စုပေါင်းရုံးကို လာဆောင်ပါ မဆောင်ရင် မီးဖြတ်မယ်လို့ ပြောသွားတယ်” လို့ ‌တာဟန်းရပ်ကွက်နေထိုင်သူ ‌ ဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၂၁ခုနှစ်ကတည်းက အကြွေးကျန်ရှိတဲ့ မီတာခ တွေပါ စုပေါင်းပြီး ပေးဆောင်ရမှာ ဖြစ်တာကြောင့် ငွေကြေးပမာဏများတဲ့အတွက် မတတ်နိုင်ဖြစ်နေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

” မီတာလာဖတ်တာ ကျွန်မတို့အိမ်တော့ စုစုပေါင်း ၈သိန်းကျမယ်လို့ပြောတယ်။ အဲ့ငွေတွေကို ချက်ချင်း မဆပ်နိုင်ဘူးလေ။ ကုန်ဈေးနှုန်း‌ေတွ တက်နေရတဲ့အထဲ ဒီကြားထဲ မီတာကို ကြွေးကျန်ပေါင်းဆောင်ရမယ်ဆိုတော့ စားစရာဝောင် ကျန်တော့မှာ မဟုတ်ဘူး။ ကျွန်မအိမ်ရဲ့ အရှေ့ အိမ်ဆိုရင် ၁၅သိန်း တောင် ကျတယ်” လို့ ‌ ‌ဒေသခံတစ်ဦးက ပြောပါတယ်။

မီတာခ‌ေတွကို သတ်မှတ်ရက်အတွင်း နောက်ဆုံးထားပေးဆောင်ကြဖို့ စစ်ကောင်စီတပ်သားတွေက ပြောတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ ကလေးမြို့မှာ လျှပ်စစ်မီးကို နေ့ဘက်မှာ တစ်နာရီ၀န်းကျင် နှစ်နာရီနီးပါးလောက်သာလာပြီး ညဘက်မှာ ည‌၉နရီကနေ မနက်၃နာရီ အထိသာ လာတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

ယနေ့ အောက်တိုဘာ ၆ရက်နေ့ မနက်ပိုင်းမှာ တာဟန်းရပ်ကွက်ရှိ ဗိုလ်ချုပ် လမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတာကို တွေ့ရပါတယ်။

၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာလည်း လျှပ်စစ်မီတာခတွေ လာရောက်ပေးဆောင်လာဖို့ကို စစ်ကောင်စီရဲ့ တပ်သားတချို့က အစောင့်အကြပ် လိုက်ပေးပြီး ကလေးမြို့က ရပ်ကွက်တွေမှာ လိုက်လံဆော်ဩတာတွေ ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်