ကလေးမြို့မှာ မြန်မာ့လေကြောင်းလိုင်းတစ်ခုသာပျံသန်းလို့ လက်မှတ်ခစျေးတက်၊ နောက်လအထိ လက်မှတ်ပြည့်နေ

အရင်ပတ် ၁၃ ရက်နောက်ပိုင်း KBZ လေကြောင်းလိုင်းပျံသန်းမှုရပ်နားထားလို့ ကလေးမြို့လေဆိပ်တွင် မြန်မာ့လေကြောင်းလိုင်းတစ်ခုသာပျံသန်းနေလို့ လေယာဉ်လက်မှတ်တွေစျေးတက်ပြီး နောက်လကုန်ပိုင်းအထိ လက်မှတ်ကြိုတင်ဝယ်ယူထားကြတယ်လို့သတင်းရရှိပါတယ်။

KBZ လေကြောင်းလိုင်းဟာ စက်တင်ဘာ ၁၄ ရက်ကနေ ရပ်နားပြီး အောက်တိုဘာ တစ်လလုံး ရပ်နားမယ်လို့သိရတယ်။

လေယာဉ်လက်မှတ်ဟာ စက်တင်ဘာ ၁၈ ရက်ကစပြီး ခရီးစဉ်တစ်ခုမှာ ၅၀၀၀ တက်သွားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဆိုင်တွေထံမှသိရတယ်။

Zalen ad

“ဘာကြောင့်မှန်းလည်းတော့မသိဘူး၊ လေယာဉ်လက်မှတ်တွေက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ထိ ကျနော်တို့ ဘိုကင်းလို့မရဘူး”လို့ လေယာဉ်လက်မှတ်ရောင်းသူတစ်ဦးကပြောပါတယ်။

မြန်မာ့လေကြောင်းလိုင်း လေယာဉ်လက်မှတ်ခတွေကတော့

ကလေး-ရန်ကုန် – 285,000 –> 290,000

ရန်ကုန်-ကလေး – 222,000 –> 227,000

ကလေး-မန်းလေး – 180,000 –> 185,000

မန်းလေး-ကလေး – 170,000 –> 175,000

ကလေး-မုံရွာ – 126,000 –> 131,000

မုံရွာ-ကလေး – 126,000 –> 131,000

တိုက်ပွဲမှာ မကြာခဏဖြစ်ပွားခြင်းနဲ့ ရာသီဥတုကြောင့် လမ်းမကောင်းလို့ ကလေးကဘော်ဒေသနဲ့ ချင်းပြည်နယ်မြောက်ပိုင်းက ပြည်သူများဟာ ကလေးမြို့ လေဆိပ်ကိုသာ အဓိက အားထားနေရပါတယ်။

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်