ကလေးမြို့ ခံတပ်ဖြိုခွဲစဉ် ပြည်သူ ၁၈ ဦးဖမ်းဆီးခံရ

အကြမ်းဖက်သမား မအလစစ်တပ်က ကလေးမြို့ တာဟန်းခံတပ်ဖြိုခွဲစဉ် KCAအဖွဲ့ဝင် ပြည်သူ ၁၈ ဦးဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

တာဟန်းခံတပ်ကို တပ်မ ၉၉ က တိုက်ပွဲပုံစံနဲ့ လက်နက်ကြီး လက်နက်ငယ်မျိုးစုံအသုံးပြုကာ ပစ်ခတ်တာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ KCA- Kalay Civil Army အဖွဲ့နဲ့အတူ 12 bore ကျည်ဖြင့် ပစ်ခတ်ရသော လုပ်သေနတ် ၄ လက်၊ လက်လုပ်သေနတ် ၁၁ လက်၊ ဂတ်စ်သေနတ် ၁၂ လက်၊ တူမီးသေနတ် ၄ လက်၊ လက်လုပ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ 12 bore ကျည် ၄၁ တောင့်၊ မီးပုလင်း ၈ လုံး၊ ဝါယာကြိုး ၈ ခွေ၊ ဘထ္ထရီ ၁ လုံး၊ သတ္ထုဒိုင်း ၄ ခု သိမ်းထားတယ်လို့သိရပါတယ်။

ပြည်သူဘက်မှ ကျဆုံးသူ ၁၂ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၃၅ ဦးရှိတယ်လို့သတင်းရရှိပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်