ကလေးမြို့ RTC ရှေ့မျက်နှာစာမှာ Public Area ဖော်ဆောင်မယ်

ကလေးမြို့ ဗိုလ်ချုပ်လမ်းမဘေးရှိ RTC ရှေ့မျက်နှာစာမှာ ပြည်သူများအတွက် နားနေစရာ Public Area ဖော်ဆောင်ဖို့ ဒီနှစ်အတွက် ဘတ်ဂျက် သိန်း (၁၀၀) ချထားတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် က ၎င်းလူမှုကွန်ယက်စာမျက်နှာတွင် “ဒီနှစ်အတွက် လုပ်ငန်းစတင်နိုင်ဖို့ ဘတ်ဂျက် သိန်း ၁၀၀ စရပါပြီ။ ရေမြောင်းလုပ်ငန်းနှင့် လူကူးတံတားလေးများကို လမ်းဦးစီးဌာနဘတ်ဂျက်မှ လုပ်ဆောင်ပေးပြီး မြေညှိခြင်း မြက်စိုက်ခြင်း ပန်းစိုက်ခြင်း အလှထိုင်ခုံများ တပ်ဆင်ခြင်းများအတွက် စည်ပင်မှ ဆက်လက်ဆောင်ရွက်သွားပါမယ်။ ဖော်ဆောင်လိုတဲ့လုပ်ငန်းပမာဏက ဘတ်ဂျက်အရတဆင့်ချင်းတဖြေးဖြေး ဖော်ဆောင်သွားရမှာမို့ ကျွန်မတို့တာဝန်ယူစဉ်သက်တမ်းကာလအတွင်း အပြီးသတ်နိုင်ဖို့ စိတ်စောမိပါတယ်။ မြို့နေပြည်သူများအတွက် ရည်ရွယ်ထားတာမို့ မြို့နေပြည်သူများကလည်း တဖက်တလမ်းကနေပူးပေါင်းပါဝင်ပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်” လို့ရေးသားထားပါတယ်။

(Zawgyi)

ကေလးၿမိဳ႕ RTC ​ေရွ႕မ်က္ႏွာစာမွာ Public Area ေဖာ္ေဆာင္မယ္

ကေလးၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းမေဘးရွိ RTC ​ေရွ႕မ်က္ႏွာစာမွာ ျပည္သူမ်ားအတြက္ နား​ေနစရာ Public Area ​ေဖာ္​ေဆာင္ဖို႔ ဒီႏွစ္အတြက္ ဘတ္ဂ်က္ သိန္း (၁၀၀) ခ်ထားတယ္လို႔သတင္းရရွိပါတယ္။

Photo: Daw Thant Wai Kyaw

ကေလးၿမိဳ႕နယ္ တုိင္းေဒသၾကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ​ေဒၚသန္႔​ေဝ​ေက်ာ္ က ၄င္းလူမႈကြန္ယက္စာမ်က္ႏွာတြင္ “ဒီႏွစ္အတြက္ လုပ္ငန္းစတင္ႏိုင္ဖို႔ ဘတ္ဂ်က္ သိန္း ၁၀၀ စရပါၿပီ။ ​ေရ​ေျမာင္းလုပ္ငန္းႏွင့္ လူကူးတံတား​ေလးမ်ားကို လမ္းဦးစီးဌာနဘတ္ဂ်က္မွ ​လုပ္​​ေဆာင္​ေပးၿပီး ​ေျမညႇိျခင္း ျမက္စိုက္ျခင္း ပန္းစိုက္ျခင္း အလွထိုင္ခုံမ်ား တပ္ဆင္ျခင္းမ်ားအတြက္ စည္ပင္မွ ဆက္လက္​​ေဆာင္႐ြက္သြားပါမယ္။ ​ေဖာ္​​ေဆာင္လိုတဲ့လုပ္ငန္းပမာဏက ဘတ္ဂ်က္အရတဆင့္ခ်င္းတ​ေျဖး​ေျဖး ​ေဖာ္​ေဆာင္သြားရမွာမို႔ ကြၽန္မတို႔တာဝန္ယူစဥ္သက္တမ္းကာလအတြင္း အၿပီးသတ္ႏိုင္ဖို႔ စိတ္​ေစာမိပါတယ္။ ၿမိဳ႕​ေနျပည္သူမ်ားအတြက္ ရည္႐ြယ္ထားတာမို႔ ၿမိဳ႕​ေနျပည္သူမ်ားကလည္း တဖက္တလမ္းက​ေနပူး​ေပါင္းပါဝင္​ေပးၾကဖို႔လည္းဖိတ္​​ေခၚပါတယ္” လို႔ေရးသားထားပါတယ္။

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်