ကလေးမြောက်ပိုင်းကို စစ်ကောင်စီကလက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်၊ ဒေသခံများ တိမ်းရှောင်နေရ

စက်တင်ဘာ ၁၁ရက်၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ကလေးမြောက်ပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာ၁၁ရက် နေ့လည် ၁၂နာရီခန့်မှစ၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သောကြောင့်ကလေးမြောက်ပိုင်း ဒေသခံအများအပြားတိမ်းရှောင်နေရကြောင်း သိရသည်။

“ဒီနေ့ စက်တင်ဘာ ၁၁ရက်နေ့ နေ့လည် ၁၂နာရီလောက်ကနေစပြီး လက်နက်ကြီးနဲ့ထုတာဗျ။ မိနစ်၂၀ကို တစ်ကြိမ်စီ ထုနေတာ။ ကလေးအမြောက်တပ်ကနေ ၅ချက်ထုတယ်။ ဆည်တော်ဦးဖက်ကနေလည်းထုတယ်။ ကလေးမြောက်ပိုင်း နန်းချောင်းရွာက ဒေသခံတွေတော်တော်များများတိမ်းရှောင် နေကြရပါတယ်။အထိခိုက်သတင်းတော့ မသိရသေးဘူး” ဟုကလေးမြောက်ပိုင်းနေထိုင်သူ အရပ်သားတစ်ဦးက ဆိုသည်။

ဆည်တော်ဦးရွာတွင် အထိုင်ချထားသော ပျူစောထီးတပ်မှ ပျူတပ်သားတစ်ဦး ချောင်းရေချိုးချိန် ရေနစ်သွားသောကြောင့် အလောင်းရှာရန်အတွက် ပျူစောထီးတပ်မှ နန်းချောင်းနှင့်အောင်မြေသာတဝိုက်ကို လက်နက်ကြီးထုကာ ရှင်းလင်းရေးလုပ်ခြင်း ဖြစ်နိုင်ပြီး လူနာတင်ယာဥ်တစ်စီးလည်း ထိုရွာဖက်သို့ သွားသည်ကို တွေ့ခဲ့ရကြောင်းလည်း ကလေးမြောက်ပိုင်း နန်းချောင်းကျေးရွာသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် ၄င်းတို့လက်ဝေခံပျူစောထီးတပ်များသည် ကလေးမြောက်ပိုင်းနှင့်တောင်ပိုင်းကို လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်လေ့ရှိကာ လက်နက်ကြီးထိမှန်မှုကြောင့် ရပ်သားပြည်သူများစွာအသက်ဆုံးရှုံးခဲ့ရပြီး အိုးအိမ်ပစ္စည်းများစွာ ပျက်ဆီးခဲ့ရပြီးပြီဟု စစ်ရှောင်ကူညီသူတစ်ဦးကပြောပါသည်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်