ကုမ္ပဏီတွေနဲ့စီးပွားရေးအဖွဲ့အစည်းတွေရှောင်ကြဉ်ရမယ့် အချက်(၆)ချက်ထုတ်ပြန်

ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် ရှောင်ကြဉ်ရမယ့် အချက်(၆)ချက်ကို ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက သြဂုတ်လ(၃)ရက်တွင်ကြေညာချက်ထုတ်ပြန်ထားပါတယ်။

၎င်းကြေညာချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင်တည်ထောင်ထားတဲ့ ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်သည့်အခါ ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့်ထိတွေ့ဆောင်ရွက်မှုများပြုလုပ်ရာတွင်သော်လည်းကောင်း၊ ပုဂ္ဂလိက ကဏ္ဍအတွင်းရှိ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအချင်းချင်းစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန်ထိတွေ့ဆောင်ရွက်မှုများပြုလုပ်ရာတွင်လည်းကောင်း အဂတိလိုက်စားမှုတားဆီးကာကွယ်နိုင်ရေးအတွက်

(က)လက်ဆောင်၊ ဧည့်ဝတ်ကျေပွန်မှုနှင့် ဖျော်ဖြေမှုများတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေးအပ်ခြင်း။

(ခ)ခရီးသွားလာခြင်းအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပံ့ပိုးမှုပေးအပ်ခြင်း။

Zalen ad

(ဂ) လုပ်ငန်းများချောမွေ့စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ငွေကြေးပေးအပ်ခြင်း။

(ဃ)လူမှုရေးဆိုင်ရာထည့်ဝင်လှူဒါန်းမှု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေးအပ်ခြင်း။

(င)နိုင်ငံရေးဆိုင်ရာ ထည့်ဝင်လှူဒါန်းမှု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေးအပ်ခြင်း။

(စ) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတွင် ဝန်ထမ်းများခန့်အပ်ရာ၌ ဆက်စပ်အဖွဲ့အစည်းများအကြား မိမိအကျိုးစီးပွားအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပံ့ပိုးမှုပေးအပ်ခြင်း စသည်တို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်