ကူမင်တက္ကသိုလ်က ပါရဂူဘွဲ့စာတမ်းပြုစုဖို့ ချင်းပြည်နယ် မှိုအကြောင်းလေ့လာ

တရုတ်နိုင်ငံ ကူမင်တက္ကသိုလ်က ပါရဂူသင်ကြားနေတဲ့ Ms Huili နဲ့ Pro.Dr. Peter က ချင်းပြည်နယ် တီးတိန်၊ တွန့်ဇံမြို့တွေမှာ သြဂုတ်လ(၈)ရက်ကနေ (၁၁)ရက်ထိ မှိုအကြောင်းစာတမ်းပြုစုဖို့လာရောက်လေ့လာပါတယ်။

ရက်အနည်းအငယ်အတွင်း ၎င်းဒေသတွေမှာ သဘာဝအလျောက်ပေါက်ရောက်တဲ့ မှိုအမျိုးအစား(၅၀)ကျော်တွေ့ရှိပြီး ၎င်းတို့ထဲမှ လူတွေ စားသုံးလို့ရတဲ့၊ အဆိပ်အတောက်မဖြစ်တဲ့မှိုအမျိုးအစား(၂၀)ရှိတယ်လို့ဆိုပါတယ်။

၎င်းတို့နဲ့အတူလိုက်ပါတဲ့ ချင်းတောင်သဘာဝစောင့်ကြည့်ရေးအဖွဲ့က ကိုလျန်သွောလ်က “မှိုဆိုရင် ကျနော်တို့ ချင်းတွေက အဆိပ်အတောက်ရှိတယ်ဆိုပြီးမစားရဲကြဘူး။ ဒါပေမယ့် မှိုကလူတွေတွက်အဟာရဓာတ်ကောင်းတွေပါဝင်တယ်။ စားလို့ရတဲ့မှိုက ဘယ်လိုပဲချက်ချက် အဆိပ်မဖြစ်ဘူးဆိုတာ သူတို့ပြောတော့ ဒေသခံတွေလည်း မှိုစားဖို့ယုံကြည်မှုရှိလာကြတယ်။ ပြီးတော့ မှိုကသဘာဝပတ်ဝန်းကျင်နဲ့လည်းဆက်စပ်နေတယ်။ သစ်ပင်မရှိတဲ့နေရာမှာ မှိုမပေါက်သလို မှိုမပေါက်တဲ့နေရာမှာသစ်ပင်ကမရှင်သန်နိုင်ဘူး။ အဲလိုမှီခိုကြတယ်”လို့ဆိုပါတယ်။

Zalen ad

ဒီနှစ်နွေရာသီမှာ သူတို့က တစ်ခေါက်လာပြီးပြီ နောက်တစ်ခေါက်လာအုံးမယ်လို့ပြောတယ်။

နောက်ဆုံးရသတင်းများ

လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ တွန်းဇံကောင်စီ ကြေညာ၊ ဒေသခံများမကျေနပ်

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းသွားမယ်လို့ CDF-တွန်းဇံဇိုတပ်ဖွဲ့ နဲ့ ချင်းလဲန်ကောင်စီ (CC) တပ်ပေါင်းစုအတွက် တွန်းဇံမြို့နယ်ကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။ တွန်းဇံမြို့နယ်အတွင်း နေထိုင်တဲ့သူတွေ၊ ...

ဆက်ဖတ်ရန်