ကလေးတက္ကသိုလ်ကျောင်းတွေမှာ ပလက်ဝစစ်ဘေးရှောင်အတွက် အလှူငွေကောက်ခံမယ်

ကလေးတက္ကသိုလ်ကျောင်းတွေမှာ ပလက်ဝစစ်ဘေးရှောင်အတွက် အလှူငွေကောက်ခံမယ်

ကလေးမြို့ တက္ကသိုလ်ကျောင်း သုံးကျောင်းမှာ ပလက်ဝစစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် မနက်ဖြန်ကစပြီး အလှူငွေကောက်ခံသွားမယ်လို့သတင်းရရှိပါတယ်။

ချင်းကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ကလေး)က ဦးဆောင်ပြီး ကလေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ နဲ့ ကွန်ပျူတာတက္ကသိုလ်တွေ ဇူလိုင် ၁ ရက်နဲ့ ၂ ရက်မှာ အလှူငွေကောက်ခံသွားပါတယ်။

ချင်းကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ကလေး)ဒုဥက္ကဌ ဆလိုင်းဗန်ထောင်းထန်က “အခန်းတိုင်းမှာဝင်ပြီး ကျောင်းသားကအစ ဆရာ၊မထိ သွားရောက်အလှူခံမယ်။ စစ်ရှောင်ဒုက္ခသည်အကြောင်းကို ကျောင်းသားတွေက မသိကြတာများတယ်။ အဲ့ဒီအကြောင်းကိုလည်း သွားပြောပြမယ်။ ကျောင်းတွင်းမှာရတဲ့အလှေူငွေကိုကြည့်ပြီး လိုအပ်ရင် မြို့ထဲမှာလည်းအလှူခံမယ်။ အဖွဲ့ သုံးဖွဲ့ခွဲပြီးတော့သွားကြမယ်” လို့ ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်