ကလေးမြို့တွင် ဓားထောက်ခြိမ်းခြောက်ပြီး ပစ္စည်းလုယူသူ လူငယ် ၆ ဦးဖမ်းဆီးရမိ

ကလေးမြို့တွင် ဓားထောက်ခြိမ်းခြောက်ပြီး ပစ္စည်းလုယူသူ လူငယ် ၆ ဦးဖမ်းဆီးရမိ

သက်သေခံပစ္စည်းများ

ကလေးမြို့တွင် ဓားထောက်ပြီးခြိမ်းခြောက်ကာ ဆိုင်ကယ်၊ ဖုန်း၊ ဆွဲကြိုး၊ ရွှေနားကပ် နဲ့ပိုက်ဆံလုယက်သူ လူငယ် (၆)ဦးကို စက်တင်ဘာ (၁၅)ရက်တွင် ကလေးမြို့ရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမီကြောင်း သတင်းရရှိပါတယ်။

၎င်းတို့ဟာ သြဂုတ်လ (၂၇)ရက်တွင် ၁ ကြိမ်၊ စက်တင်ဘာ (၃)ရက်တွင် ၂ ကြိမ်၊ စက်တင်ဘာ (၁၁)ရက်တွင် ၂ ကြိမ်၊ စက်တင်ဘာ (၁၄) ရက်တွင် ၁ ကြိမ် စုစုပေါင်း လုယက်မှု (၆)ကြိမ်ကျူးလွန်တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

စက်တင်ဘာ (၁၅)ရက်တွင် ညဉ့်နက်လှည့်ကင်းတာဝန်ဆောင်ရွက်နေတဲ့ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်တို့က ကလေးမြို့၊ ပင်လုံရပ်ကွက်၊ နယ်မြေ (၁)တွင် မသင်္ကာဖွယ် လူငယ် ၂ ဦးကို FZ အနက်ရောင်ဆိုင်ကယ် ၁ စီးနဲ့အတူတွေ့ရှိပြီး စစ်မေးခဲ့ရာ ၎င်းတို့မှာ ဇင်မင်းဦး (ခ) ကုလားလေး နဲ့ ရန်လင်းထွန်း (ခ) ဉာဏ်လင်းအောင် (ခ)ချစ်တုံး ဆိုသူတွေဖြစ်ကြောင်းသိခဲ့ရတယ်။ ၎င်းတို့ခန္ဓာကိုယ်အား စစ်ဆေးရှာဖွေခဲ့ရာ Apple တံဆိပ်ပါ iPhone အမျိုးအစားငွေရောင်ဖုန်း ၁ လုံး၊ မကျိန်ကွပ်နွမ်းအမည်ပါ မှတ်ပုံတင် နဲ့ ယာဉ်မောင်းလိုင်စင် ၁ ခု၊ အမျိုးသမီးဘေးလွယ်ပိုက်ဆံအိတ် ၁ လုံးအား ရှာဖွေတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ ၎င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်းမရှိသည့်အပြင် စက်တင်ဘာ (၁၄) ရက် ည ၁၀ နာရီခန့်က ဗိုလ်ချုပ်လမ်းမပေါ် မိုးဟိုတယ် နဲ့ တံတားဦးအကြား၌ အရှေ့မှအနောက်သို့ အမျိုးသမီး ၂ ဦးမောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှ ဆွဲယူထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ၎င်းတို့ ၂ ဦးကို အမှုစစ်အဖွဲ့က စစ်ဆေးခဲ့ရာ ကွင်းဆက်များဖော်ထုတ်ရရှိခဲ့ပါတယ်လို့ ရဲမှတ်တမ်းတွင်ဖော်ပြထားပါတယ်။

လုယက်မှုကြောင့် ဖမ်းဆီးခံရသူများမှာ ကလေးမြို့နယ် စလင်းတိုက်ရပ်ကွက်တွင်နေထိုင်တဲ့ ဇင်မင်းဦး(ခ)ကုလားလေး(၁၉ နှစ်)၊ အောင်ဇေယျရပ်ကွက်၊ ကလေးမြို့နေ ရန်လင်းထွန်း (ခ)ဉာဏ်လင်းအောင် (ခ)ချစ်တုံး(၁၆ နှစ်)၊ ဟိန်းမင်းဦး(ခ)သခွားသီး၊ ကလေးမြို့နယ်၊ အရှေ့ခုံသာရွာသစ်တွင်နေထိုင်တဲ့ ညီညီမင်း(၂၅ နှစ်)၊ ငထက် (ခ)အိုးကြီး၊ နဲ့ အောင်မြင့်ထွန်း (ခ) ကုလား စသည်တို့ဖြစ်ပါတယ်။

၎င်းတို့ဟာ ဆိုင်ကယ် ၄ စီး၊ ဖုန်း ၅ လုံး၊ ဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၁ ရံ၊ ပိုက်ဆံအိတ်၊ နဲ့ ငွေ ၁သိန်း လုယက်မှုကျူးလွန်ကြောင်း ကလေးမြို့ ရဲတပ်ဖွဲ့ဖော်ထုတ်ရရှိပါတယ်။

ယင်းတို့ထဲမှ Honda Click နဲ့ စကိုးဖီးလ်ဆိုင်ကယ် ၂ စီး၊ MIဖုန်း ၃ လုံး၊ ရွှေနားကပ် ၁ ရံ သိမ်းဆည်းရမိခြင်းမရှိသေးပါ။

၎င်းတို့အားလုံး ရာဇသတ်ကြီး ပုဒ်မ-၃၇၆/ ၅၄၊ ပုဒ်မ ၃၈၆၊ ပုဒ်မ ၃၈၆/၅၄ စသည်တို့ဖြစ် ကလေးမြို့မရဲစခန်းတွင် အမှုဖွင့်ထားပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်