ကလေးမြို့မှာ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း မီးလောင်

ကလေးမြို့မှာ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း မီးလောင်
ကလေးမြို့ သဇင်ရပ်ကွက်၊ နယ်မြေ(၄)တွင်ရှိတဲ့ ခရစ်ယာန် ကျမ်းစာသင်တန်းကျောင်းအိပ်ဆောင်တစ်လုံးဟာ နေ့လည် (၁း၁၅)နာရီမှာ မီးလောင်သွားကြောင်းသတင်းရရှိပါသည်။
ယင်းကဲ့သို့ မီးလောင်ရခြင်းမှာ ကျောင်းအတွင်းအသုံးပြုထားတဲ့ အင်ဗာတာအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းသွားကြောင်း ကလေးခရိုင်မီးသတ်ဦးစီးမှူးရုံးမှတ်တမ်းအရသိရပါသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူမရှိပေမယ့် ကျောင်းအိပ်ဆောင် အပေါ်ဆုံးထပ်ရှိ မျက်နှာကျက်၊ ကြမ်းခင်းနျင့် နံရံအကာများ မီးလောင်သွားပါသည်။
ယင်းမီးကို မီးသတ်တပ်ဖွဲ့ဝင် (၄၃)ဦး၊ မီးငြိမ်းသတ်ယာဉ်(၉)စီး၊ ရေသယ်ယာဉ် (၄)စီးတို့ဖြစ်မီးငြိမ်းရာ နေ့လည်း (၁း၅၀)နာရီခန့်တွင် ငြိမ်းသွားပါသည်။
ထို့ကြောင့် ခရစ်ယာန်ကျမ်းစာသင်တန်းကျောင်းအိပ်ဆောင် တာဝန်ရှိသူ ခရစ်ယာန်ဘုန်းတော်ကြီး ပေါင်ကမ်မုန်အား ရဲစခန်း(ပ)အမှတ်၊ /၂၀၁၉(၂၈၅)ဖြင့် ကလေးမြို့မရဲစခန်းတါင် အရေးယူဆောင်ရွက်ထားပါသည်။

နောက်ဆုံးရသတင်းများ

အယုဒ္ဓယရဲ့ နောက်ဆုံးမျိုးဆက်တွေ နှစ်ပေါင်း ၂၆၀ ကြာမှ ရောက်ရှိခဲ့တဲ့ အိမ်ပြန်ခရီး

အောက်တိုဘာ ၁၈၊ ၂၀၂၅ Zalen ယိုးဒယား-မြန်မာစစ်ပွဲအတွင်း အင်းဝကို စစ်သုံ့ပန်းအဖြစ်ခေါ်ဆောင်ခံရတဲ့ အယုဒ္ဓယတို့ရဲ့ မျိုးဆက် ခုနှစ်ခုမြောက် နောက်ဆုံး လက်ကျန် မျိုးဆက်တွေဟာ အယုဒ္ဓယကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာပါတယ်။ အယုဒ္ဓယသားတို့ရဲ့ မျိုးဆက်တွေ ...

ဆက်ဖတ်ရန်