ကလေးမြို့ တာဟန်း အ.ထ.က(၂)ကျောင်းနားမှာ အိမ် နှစ်လုံးမီးလောင်

ကလေးမြို့ တာဟန်း အ.ထ.က(၂)ကျောင်းနားမှာ အိမ် နှစ်လုံးမီးလောင်

ကလေးမြို့ တာဟန်း အ.ထ.က(၂)ကျောင်း အရှေ့ဘက်မှာ ယနေ့ မွန်းလွဲ(၁း၃၀)ခန့်မှာ အိမ်နှစ်လုံးမီးလောင်သွားပါတယ်။

ဖြစ်စဉ်မှာ ဦး…. တို့ အိမ်ငှားချထားတဲ့ သစ်သားနှစ်ထပ်အဆာင်မှ ဂစ့်မီးဖိုကနေ ဟင်းချက်နေစဉ် စတင်မီးလောင်သွားခြင်းဖြစ်တယ်။

ပြီးနောက် ဘေးနားရှိ ဦး…တို့အိမ်သို့ မီးကူးသွားပါတယ်။

အခင်းဖြစ်ပွားရာသို့သွားရောက်တဲ့ ဦးကိမ်းခိုင်က “အိမ်က သစ်သားဆိုတော့ မီးလောင်တာမြန်တယ်။ အဲ့တစ်ဝိုက်မှာ အိမ်တွေကြပ်နေပေမယ့် ဘေးနားလူတွေဝိုင်းကာကွယ်ပေးလို့ နှစ်အိမ်ပဲပါသွားတယ်”လို့ပြောပါတယ်။

မီးလောင်ရာသို့ မီးသတ်ကား (၄)စီး၊ စစ်တပ်ရေသည်ကား တစ်စီးတို့ရောက်လာပြီး ညနေ ၂း၃၀မှာ မီးငြိမ်းသွားပါတယ်။

ကလေးမြို့မှာ ဇန်နဝါရီလအတွင်း တာဟန်းရပ်ကွက်မှာ အိမ် (၂)လုံး၊ လှိုင်သာယာရပ်ကွက်မှာ အိမ် တစ်လုံးမီးလောင်သွားပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော

ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...

ဆက်ဖတ်ရန်