မလေးရှားမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသမီးအပါအဝင် ၁၄၂ ဦး ဖမ်းဆီးခံရ

ဇန်နဝါရီ ၃၀၊ ၂၀၂၆

Zalen

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသမီးအပါဝင် ၁၄၂ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေဆီက သိရပါတယ်။

Zalen ad

Cheras မှာ မနေ့ ဇန်နဝါရီလ ၃၀ ရက်၊ ညနေ ၆ နာရီမှာ တိုင်ကြားချက်ကြောင့် နိုင်ငံခြားသားတွေနေထိုင်ကြတဲ့ နေရာတွေကို ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

အဲဒီဖမ်းဆီးမှုကို မလေးရှား လူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့ စတဲ့ဌာနပေါင်းစုံမှ အရာရှိပေါင်း ၂၇၉ ဦး၊ အမျိုးသားမှတ်ပုံတင်ဌာန (JPN) မှ အရာရှိ ၁၀ ဦးတို့နဲ့ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ လဝက က ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနေ့ ညနေကလည်း တာမန်ဝမ်ဆာ ပါမိုင်း နဲ့ ဒီဇာအာမန်းပူရီမှာ လဝက နဲ့ ဌာနပေါင်းစုံက စားသောက်ဆိုင်၊ ဆံပင်ညှပ်ဆိုင် စတဲ့နေရာတွေကို ရှာဖွေစစ်ဆေးရာ အထောက်အထားမဲ့ မြန်မာ ၆၄ ဦး ထပ်မံ ဖမ်းဆီးခံရပါတယ်။

အဲဒီ ဖမ်းဆီးခံရသူတွေဟာ အထောက်အထားမရှိဘဲ မလေးရှားမှာ အလုပ်လုပ်ကိုင်တာ၊ ဗီဇာသက်တမ်းကုန်တာ၊ ပါမစ်စာရွက်စာတမ်းမရှိဘဲ အလုပ်လုပ်ကိုင်တာတွေကြောင့် ဖမ်းဆီးခံရတာဖြစ်လို့ လဝက ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို ဆက်လက် အရေးယူဆောင်ရွက်နိုင်ရေးအတွက် စမုန့်ညှင်း လဝက ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-လူမှုကွန်ယက်

#မလေးရှား#မြန်မာ#ဖမ်းဆီး#Zalen

နောက်ဆုံးရသတင်းများ

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကောင်စီ ပြင်ဆင်

ဇူလိုင် ၃၊ ၂၀၂၆ Zalen ကချင်ပြည်နယ်မြောက်ပိုင်းမှာ တည်ရှိတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လာမယ့် ၈ နှစ်ခန့်အတွင်း အပြီးသတ် တည်ဆောက်သွားဖို့ စစ်ကောင်စီက ရည်မှန်းချက်ထားရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ရဲ့ ...

ဆက်ဖတ်ရန်