ကလေးမြို့ နယူးဧဒင်တည်းခိုခန်းတွင် အမျိုးသမီးအလောင်းတွေ့ရှိ

ကလေးမြို့ နယူးဧဒင်တည်းခိုခန်းတွင် အမျိုးသမီးအလောင်းတွေ့ရှိ

ကလေးမြို့ တာဟန်းရပ်ကွက်ရှိ နယူးဧဒင်တည်းခိုခန်းတွင် ပြင်ဦးလွင်မြို့မှလာရောက်တည်းခိုတဲ့ မခင်သန်းမြင့် (၄၁ နှစ်)အလောင်းကို ဒီမနက်တွေ့ရှိတယ်လို့ သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ကလေးမြို့၊ တာဟန်းရပ်ကွက် နယ်မြေ (၂)ရှိ နယူးဧဒင်ဧည့်ရိပ်မွန် တည်းခိုခန်း အခန်းအမှတ် (၇)တွင် အမျိုးသမီးတစ်ဦးသေဆုံးကြောင်း နယူးဧဒင်ဧည့်ရိပ်မွန် တည်းခိုခန်းမန်နေဂျာက တာဟန်း ရဲကင်းမှူးထံ သြဂုတ်လ (၂၉)ရက် နေ့လည် ၁ နာရီကျော်တွင်အကြောင်းကြားလာပါတယ်။ ကလေးမြို့နယ် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မခင်သန်းမြင့် (၄၁ နှစ်) (ဘ)ဦးလှငွေ၊ အမှတ် (၁၃၃)၊ ချယ်ရီးလမ်း၊ ပြင်ဦးလွင်မြို့တွင်နေထိုင်တဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။

၎င်းဟာ ပါးစပ်၊ နှာခေါင်း၊ စအိုစသည်တို့မှ သွေးများယိုစိမ့်နေကြောင်းတွေ့ရှိရပါပြီး ၎င်းဟာ အသဲရောဂါဖြစ်မကြာခဏဆေးကုသမှုခံယူနေရသူဖြစ်ပေမယ့် အရက်ဖြတ်ခြင်းမရှိပဲဆက်လက်သောက်သုံးနေကြောင်း၊ အလောင်းပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရကြောင်း၊ အလောင်းအား ကလေးမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံတွင် စစ်ဆေးလျက်ရှိပါတယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်