ကောလင်း မြန်မာ့စီးပွားရေးဘဏ်က သိန်းပေါင်း ၉၅၀၀ ကျော်ကို သိမ်းဆည်းထားတယ်လို့ NUG ထုတ်ပြန်

၁၅၊ နိုဝင်ဘာ၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့က မြန်မာ့စီးပွားရေး ဘဏ်ကနေ သိန်း၉၅၀၀ကျော် သိမ်းဆည်းရရှိထားတယ်လို့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ NUG ရဲ့ ကြားကာလဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်ရဲ့ ငွေသားလက်ကျန် သိမ်းဆည်းထားတဲ့ စာရင်းကို မှတ်တမ်းတင်ထားပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေတွေနဲ့ ပြည်သူတွေရဲ့ အပ်နှံငွေတွေ နစ်နာဆုံးရှုံးမှု မရှိအောင် စနစ်တကျ စီမံခန့်ခွဲထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကောလင်းမြို့ကိုNUGလက်အောက်က   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊  ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊  ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စတဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာလ ၆ ရက်နေ့မှာ သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ ကောလင်းခရိုင်အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ကို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်