အွန်လိုင်းမူးယစ်ဆေးရောင်းသူတွေ “အီမိုဂျီ” ကုဒ်များအသုံးပြုပြီး လူငယ်တွေကို ပစ်မှတ်ထားနေ

=========

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆

Zalen

Zalen ad

ထိုင်းနိုင်ငံမှာ အွန်လိုင်းမှတဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေဟာ လူမှုကွန်ရက်ရဲ့ စစ်ဆေးမှုတွေကို ရှောင်ရှားရန်နဲ့ လူငယ်တွေကို ဆွဲဆောင်ရန်အတွက် အီမိုဂျီ (Emoji) နဲ့ လျှို့ဝှက်ကုဒ်တွေ အသုံးပြု၍ အရောင်းအဝယ် ပြုလုပ်နေကြတယ်လို့ ထိုင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) က အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မူးယစ်ဆေးရောင်းဝယ်သူတွေဟာ မည်သည့်ဆေးအမျိုးအစားဖြစ်သည်ကို ဖော်ပြရန်အတွက် ဘိန်းဖြူ (Heroin) ကို ခြင်္သေ့၊ ကမ္ဘာလုံး၊ ကြက်ဖ၊ အိုက်စ် (Crystal Meth) ကို ရေခဲတုံး၊ ဒုံးပျံ၊ စိတ်ကြွဆေး (Meth) ကို မြင်း၊ UFO၊ ၊ လိမ္မော်ရောင်စက်ဝိုင်း၊ အိတ်စတစီ (Ecstasy) ကို သကြားလုံး၊ ကတ်တမင်း (Ketamine) ကို ကင်းကွန်မျောက်ဝံ စတဲ့ အီမိုဂျီတွေကို ကုဒ်အဖြစ် အသုံးပြုနေကြပါတယ်။

ချင်းမိုင်တက္ကသိုလ်နဲ့ ပူးပေါင်းပြုလုပ်တဲ့ သုတေသနအရ အွန်လိုင်းမူးယစ်ဆေးရောင်းချသူ ၆၀,၀၀၀ ကျော်ခန့်ရှိနေပြီး ၎င်းတို့ဟာ Facebook၊ X နဲ့ Instagram ကဲ့သို့သော Platform များပေါ်မှာ လျှို့ဝှက်အီမိုဂျီတွေနဲ့ ကြော်ငြာကာ အရောင်းအဝယ်ကိုမူ Line ကဲ့သို့သော Messaging App များမှတစ်ဆင့် လျှို့ဝှက်စွာ အဆုံးသတ်ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ ONCB အနေဖြင့် ဒီလျှို့ဝှက်ကုဒ်တွေ စောင့်ကြည့်ဖော်ထုတ်လျက်ရှိရာ တစ်နှစ်လျှင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အွန်လိုင်းအကောင့်ပေါင်း ၂,၀၀၀ ကျော်ကို ပိတ်သိမ်းနိုင်ခဲ့ပါတယ်။

မိဘပြည်သူများအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေ လူမှုကွန်ရက်အသုံးပြုရာမှာ အထက်ပါ အီမိုဂျီတွေ “လျှာပြာ”၊ “နိုင်ငံခြားဖြစ်သကြားလုံး” စတဲ့ ထူးခြားသော စကားလုံးတွေကို မကြာခဏ အသုံးပြုနေပါက မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေနိုင်သဖြင့် အထူးဂရုပြု စောင့်ကြည့်ကြရန် လိုအပ်နေပါတယ်။

ကိုးကား-ဘန်ကောက်ပိုစ့်

သတင်း-ဆလိုင်း

ဓာတ်ပုံ-လူမှုကွန်ယက်

#အွန်လိုင်း#မူးယစ်ဆေးရောင်းသူ#အီမိုဂျီကုဒ်#လူငယ်#Zalen

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ထုတ်ပြန်

မတ် ၅၊ ၂၀၂၆Zalen လာမယ့် ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR ...

ဆက်ဖတ်ရန်