ချင်းခရစ်ယာန်တွေညှင်းပန်းနှိပ်စက်မှုတွေကူညီဖို့ ချင်းခရစ်ယာန်ကွန်ရက်ဖွဲ့စည်းမယ်

ချင်းခရစ်ယာန်တွေညှင်းပန်းနှိပ်စက်မှုတွေကူညီဖို့ ချင်းခရစ်ယာန်ကွန်ရက်ဖွဲ့စည်းမယ်

မြန်မာနိုင်ငံအနှံ့ရှိ ချင်းခရစ်ယာန်တွေ အမျိုးမျိုးညှင်းပန်းနှိပ်စက်မှုတွေအကူအညီပေးဖို့ ချင်းခရစ်ယာန်ကွန်ရက်ကို မနက်ဖြန်ဖွဲ့စည်းတော့မယ်လို့သတင်းရရှိပါတယ်။

အစည်းအဝေးကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ချင်းနှစ်ခြင်းအသင်းတော်မှာ ညနေ (၁)နာရီကနေ (၄)နာရီထိကျင်းပသွားမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးသို့ တစ်နိုင်ငံလုံးရှိ ဂိုဏ်းဂဏပေါင်းစုံက ကိုယ်စားလှယ်တစ်ဦးစီ စုစုပေါင်း လူ(၃၀၀)ကျော် ဖိတ်ကြားထားပါတယ်။

ချင်းခရစ်ယာန်ကွန်ရက် အစည်းအဝေးဖြစ်မြောက်ရေး ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ Rev. ချယ်ရတီထူးက “ခရစ်ယာန်တွေ အမှုဖြစ်တဲ့ချိန်မှာ အစိုးရက မှတ်ပုံတင်ပါတဲ့ ချင်းခရစ်ယာန်အဖွဲ့တွေနဲ့လာတွေ့ပါလို့ပြောပါတယ်။ ဒီအဖွဲ့ ဖွဲ့စည်းရခြင်းက ချင်းခရစ်ယာန်တွေညှင်းပန်းနှိပ်စပ်မှုတွေကြုံတဲ့ချိန်မှာအကူအညီပေးဖို့ပါပဲ။ ပထမတော့ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ချင်းခရစ်ယာန်အဖွဲ့တွေပါတယ်။ မှတ်ပုံတင်ရလို့ရှိရင် နိုင်ငံတကာမှာရှိချင်းခရစ်ယာန်အသင်းအဖွဲ့တွေက လာပူးပေါင်းမယ်။ ပြီးတော့ ချင်းပြည်နယ်မြို့နယ်အသီးသီးက ချင်းလူမျိုးတွေဖွံ့ဖြိုးဖို့ တိုးတက်ရာတိုးတက်ကြောင်းအနာဂတ်ကိုလမ်းဖွင့်ပေးဖို့ဖြစ်တယ်။ နည်းလမ်းပေါင်းစုံနဲ့ချင်းခရစ်ယာန်တွေဖိနှိပ်မှုတွေနောင်လာနောက်သားတွေမကြုံရအောင်ကာကွယ်ပေးဖို့ဖြစ်တယ်”လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်