ချင်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ရန်ကုန်မြို့မှာစတင်တည်ထောင်

ပြည်တွင်း၊ပြည်ပ ချင်းတိုင်းရင်းသားလုပ်ငန်းရှင်များအားလုံးပါဝင်နိုင်တဲ့ ချင်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ဒီနေ့ ညနေ (၃)နာရီမှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ချင်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင် စတင်ထည်ထောင်လိုက်ပါတယ်။

ချင်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကပ်ခင်းပေါင်

ချင်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကပ်ခင်းပေါင်က “ချင်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း နဲ့ ချင်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဘာကွာလဲဆိုရင် ချင်းပြည်နယ်ကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ပြည်နယ်ကိုအခြေခံပါတယ်။ ပြည်နယ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်၊ ချင်းပြည်နယ်မှာ ရင်းနှီးမြှပ်နှံမှုလာအောင်၊ ပြည်နယ်ကနေ ထုတ်ကုန်တွေများများထုတ်လုပ်နိုင်အောင်၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတွေများများထွက်အောင် အဓိကထားပြီးဖွဲ့စည်းခဲ့တာဖြစ်တယ်။ ကျနော်တို့ ဒီနေ့ဖွဲ့တဲ့အသင်းကတော့ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဖြစ်တဲ့အတွက် လူကို အဓိကထားတဲ့အသင်းဖြစ်ပါတယ်။ ဘာဖြစ်လို့ ချင်းလူမျိုးမှာစီးပွားရေးသမားများများမရှိတာလဲ၊ အဲ့ဒီအခက်အခဲကိုရှာမယ်။ သူတို့မှာ ဘာအခက်အခဲရှိလို့ လုပ်ငန်းရှင်မဖြစ်ကြတာလဲဆိုတာရှာဖွေပြီးတော့ ကျနော်တို့တက်နိုင်သလောက်ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ ချင်းလုပ်ငန်းရှင်တွေအများကြီးထွက်လာအောင် ကြိုးစားမယ်”လို့ပြောပါတယ်။

Zalen ad

ချင်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက ဦးပါချုံးငါ၊ ဘဏ္ဍာထိန်းက ဦးကီးအောင်နိုင်းဖြစ်ပြီး အဖွဲ့ဝင်(၂၁)ယောက်၊ နာယက (၅)ယောက်၊ အကြံပေး(၅)ယောက်တို့နဲ့ဖွဲ့စည်းထားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်