ချင်းလူငယ်လက်ဝှေ့သမား အောက်ချင်းလေး ညာလက်ကျိုးလို့ အနည်းဆုံး တစ်လခွဲနားမယ်

တက်သစ်စ ချင်းလူငယ်လက်ဝှေ့သမား အောက်ချင်းလေးခေါ်ဟာလိန်းအွမ်ဟာ ဒီဇင်ဘာ(၁၆)ရက်ပွဲမှာ ညာလက်ညိုး အနောက်ဘက်ခုံးကျိုးသွားလို့ အနည်းဆုံး (၄၅)ရက်နားရမယ်လို့ နည်းပြ ဟာဟုန်းကပြောပါတယ်။

Myanmar Championship ပွဲမှာ အောက်ချင်းလေးနဲ့ အင်းသား ပွဲမှာ ညာလက်နဲ့ဝိုက်ထိုးစဉ် အင်းသားက ခေါင်းနဲ့ပြန်ကာလို့ သုံးချီမြောက်မှာ အခုလို လက်ညိုးရိုးကျိုးရခြင်းဖြစ်ပါတယ်။

အောက်ချင်းလေး ပါဝင်တဲ့ တောင်ဇလပ်ကလပ်နည်းပြ ဟာဟုန်းက “သုံးချီမှာ လက်ညိုးရိုးကျိုးသွားပေမယ့် ဘယ်လက်တစ်ဘက်ထဲနဲ့ ငါးချီထိဆက်ထိုးတယ်။ ဒါကြောင့် သရေကျသွားတယ်။ စိတ်ဓာတ်ကမာလို့သာဆက်ထိုးနိုင်တာ။ သူလက်မကျိုးရင်တော့ အလဲထိုးနိုင်တယ်”လို့ပြောပါတယ်။

အောက်ချင်းလေး ခေါ် ဟာလိန်းအွမ် ခွဲစိတ်ပြီးမြင်တွေ့ရစဉ်

ဒီဇင်ဘာ (၂၀)ရက်မှာ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံမှာ ခွဲစိတ်မှုအောင်မြင်စွာပြုလုပ်နိုင်ပြီး နောက်နှစ် ဖေဖော်ဝါရီလမှာ ရန်ကုန်မြို့မှာလက်ဝှေ့ပြန်ထိုးမယ်လို့သိရပါတယ်။

နည်းပြဟာဟုန်းက “သူ့ကျန်းမာရေးတော့ အကုန်ကောင်းတယ်၊ လက်တစ်ခုပဲဖြစ်တာ။ နားတဲ့ရက်တွေမှာ တခြားလေ့ကျင့်ခန်းတွေလုပ်လို့ရမယ်”လို့ပြောပါတယ်။

အောက်ချင်းလေး(ဟာလိန်းအွမ်)ဟာ အခုအသက် (၂၀)သာရှိပြီး ၂၀၁၇ တိုင်းနဲ့ပြည်နယ် ရွှေတံဆိပ်ဆု၊ ၂၀၁၇ ရွှေခါးပတ်ချန်ပီယံမှာ ဒုတိယဆိုနဲ့ အောင်လံ အလံ(၂)ခုရရှိထားပါတယ်။

နောက်ဆုံးရသတင်းများ

ထိုင်း – ကမ္ဘောဒီးယား စစ်ရေးတင်းမာမှုကိုငြိမ်းချမ်းရေးနည်းဖြင့် အဖြေရှာကြရန် NUG တိုက်တွန်း

၂၄ ၊ ဇူလိုင် ၊ ၂၀၂၄ Zalen လက်ရှိဖြစ်ပွားနေတဲ့ ထိုင်း – ကမ္ဘောဒီးယား စစ်ရေးအခြေအနေတင်းမာမှုကိုငြိမ်းချမ်းရေးနည်းဖြင့် အဖြေရှာကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊နိုင်ငံခြားရေး၀န်ကြီဌာနက ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ...

ဆက်ဖတ်ရန်