ချင်းပြည်နယ်တွင် ၂၀၂၀ မဲပေးပိုင်ခွင့်စာရင်းဟာ ၂၀၁၅ စာရင်းထက် လူဦးရေ ၆၇၀၀ ကျော် တိုးလာ

ချင်းပြည်နယ်တွင် ၂၀၂၀ မဲပေးပိုင်ခွင့်စာရင်းဟာ ၂၀၁၅ စာရင်းထက် လူဦးရေ ၆၇၀၀ ကျော် တိုးလာ

ချင်းပြည်နယ်တွင် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ အခြေခံမဲဆန္ဒပေးပိုင်ခွင့်စာရင်းဟာ ၂၀၁၅ ခုနှစ် မဲဆန္ဒပေးပိုင်ခွင့်စာရင်းထက် လူဦးရေ ၆၇,၁၉၅ ဦးတိုးလာတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှတ်တမ်းအရသိရပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ လူဦးရေစုစုပေါင်း ၂၇၅,၄၁၈ ဦးရှိပြီး ၂၀၂၀ ခုနှစ်တွင် အခြေခံမဲဆန္ဒပေးပိုင်ခွင့်ရှိသူ လူဦးရေစုစုပေါင်း ၃၄၂,၆၁၃ ဦးရှိပါတယ်။

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက အတွင်းရေးမှူး ဦးလင်းကျော်က “မဲဆန္ဒပေးပိုင်ခွင့်ရှိသူစာရင်းကို ၂၀၂၀ ဒီဇင်ဘာ (၃၁)ရက်မှာ အသက် (၁၈)နှစ်ပြည့်မယ့်သူတွေအားလုံး ထွေအုပ်ကကောက်ထားတာပါ။ ဒီစာရင်းတွေအားလုံး ကွန်ပျူတာထဲမှာထည့်ထားလိုက်ပြီ။ မသန်စွမ်းစာရင်းလည်းကောက်ထားတာကြောင့် သူတို့တွေ မဲပေးတဲ့ချိန်အခက်အခဲမရှိအောင် စီစဉ်ထားဖို့ရှိတယ်။ တိုက်ပွဲဖြစ်နေတဲ့ ပလက်ဝမြို့နယ်ထဲက လူဦးရေစာရင်းလည်းအကုန်လုံးကောက်နိုင်တယ်။ ဘာမှပြဿနာမရှိဘူး။ အခုစာရင်းထဲမှာ နိုင်ငံခြားရောက်နေတဲ့သူတွေလည်းပါတော့ အဲ့ဒါကိုပြန်စိစစ်ရမယ်။ ပြီးတော့ ကြားမှာသေဆုံးသူတွေစာရင်းလည်းအပြောင်းအလဲအနည်းငယ်ရှိနိုင်သေးတယ်” လို့ပြောပါတယ်။

Zalen ad

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒစာရင်းကို ဇူလိုင်လမှ စက်တင်ဘာလအထိ ကောက်ခံထားတာဖြစ်ပါတယ်။

မဲဆန္ဒပေးပိုင်ခွင့်စာရင်းထဲတွင် မှတ်ပုံတင်မရှိသူ ၄၂၀၀၀ မှ ၄၃၀၀၀ ကြားရှိပြီး အိမ်ထောင်စုစာရင်းမရှိသူ မိသားစု ကိုးထောင်ကျော်ရှိပါတယ်။ ယင်းတို့ကို အောက်တိုဘာလတွင်ပြန်လည်စိစစ်ပြီး လ.ဝ.ကမှ စီမံချက်ဖြစ် ဆောင်ရွက်ပေးမယ်လို့ ဦးလင်းကျော်ကဆိုပါတယ်။

ချင်းပြည်နယ်တွင် ၉ မြို့နယ်ရှိပြီး ရပ်ကွက် ၇၀၊ ကျေးရွာအုပ်စု ၄၆၄ ခုရှိပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံ ၁၀၃၁ ရုံထားရှိပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ ၁၀၈၇ ရုံထားရှိမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်